
ဖီလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သည့် ၂၀၂၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ်တွင် တတိယဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအား MFF အမျိုးသမီးဘောလုံးကော်မတီမှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀၀ ကို ဇူလိုင် ၂၀ ရက်ကပေး အပ်ချီးမြှင့်ခဲ့သည်။တတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်း၏ အုပ်ချုပ်သူဒေါ်မြတ်မြတ်ဦးမှ ပြိုင်ပွဲအတွင်း ကြုံတွေ့ခဲ့သည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။



















