
၂၀၂၀-၂၁ ဘောလုံးရာသီတွင် ဥရောပဘောလုံးအဖွဲ့ ချုပ် (UEFA) ၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း FFP ကို ချိုးဖောက်မှုဖြင့် အရေးယူခံရမည့်စာရင်းတွင် ဘာစီလိုနာ၊ PSG၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ရိုးမားနှင့် မာဆေးလ်အသင်းများ ပါဝင်နေကြောင်း သိရသည်။
UEFA သည် လာမည့်စက်တင်ဘာလတွင် ၂၀၂၀-၂၁ ဘောလုံးရာသီ၌ FFP စည်းမျဉ်းကိုချိုးဖောက်ခဲ့သည့် ကလပ်အသင်း (၁၀)သင်းကို ထုတ်ပြန်ကြေညာရန် ပြင်ဆင်နေပြီး ယင်းစာရင်းတွင် အဆိုပါအသင်းများ ပါဝင်နေခြင်းဖြစ်သည်။








