
ဘာစီလိုနာအသင်း၏ ဘုတ်အဖွဲ့သည် ယခုနွေရာသီတွင် ခေါ်ယူထားသည့် ကစားသမားသစ်များကို အချိန်မီ စာရင်းသွင်းနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။
ရာသီသစ်လာလီဂါပြိုင်ပွဲမှာ ယခုတစ်ပတ် သောကြာနေ့တွင် စတင်တော့မည်ဖြစ်ပြီး ဘာစီလိုနာအသင်းအနေဖြင့် စနေနေ့တွင် ဗယ်လက်ကာနိုအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
သို့သော် လက်ရှိအချိန်အထိ ကစားသမားသစ်များနှင့် စာချုပ်သက်တမ်းတိုးထားသည့် ကစားသမားများကို လာလီဂါအဖွဲ့ချုပ်ထံ စာရင်းသွင်းနိုင်ခြင်း(မှတ်ပုံတင်နိုင်ခြင်း)မရှိသေးပေ။









