
တင်းနစ်လောကကနေ အနားယူတော့မယ်လို တင်းနစ်ဂန်နဝင် ရော်ဂျာဖက်ဒရာက ကြေညာခဲ့ပါတယ်။ ဖက္ဒရာဟာ အခုလအတွင်း လန်ဒန်မှာ ကျင်းပမယ့် Laver Cup ပြိုင်ပွဲပြီးရင် ထိပ်တန်းအဆင့် တင်းနစ်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး။

တင်းနစ်လောကကနေ အနားယူတော့မယ်လို တင်းနစ်ဂန်နဝင် ရော်ဂျာဖက်ဒရာက ကြေညာခဲ့ပါတယ်။ ဖက္ဒရာဟာ အခုလအတွင်း လန်ဒန်မှာ ကျင်းပမယ့် Laver Cup ပြိုင်ပွဲပြီးရင် ထိပ်တန်းအဆင့် တင်းနစ်ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး။

VAR အမှားကြောင့် ဂျူဗင်တပ်အသင်း အနိုင်ဂိုးရဖို့ နစ်နာခဲ့တယ်ဆိုရင် အဲဒီပွဲစဉ်ကို ပြန်ကစားဖို့ အသင့်ရှိနေတယ်လို့ စီးရီးအေကလပ် ဆာလာနီတာနာအသင်းဥက္ကဌ ဒန်နီလို လီဗာလီနိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆာလာနီတာနာအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှူးမီလစ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ဂိုးသွင်းယူ နိုင်ခဲ့ပေမယ့် နောက်ခံလူ ဘိုနူချီ လူကျွံနေလို့ ကွင်းလယ်ဒိုင်က VAR ဆုံးဖြတ်ချက်နဲ့ ဂိုးမပေးခဲ့ပါဘူး။

Maccabi Haifa 1-3 Paris – Kylian Mbappé
Man City 2-1 Dortmund – Kevin De Bruyne
Chelsea 1-1 Salzburg – Raheem Sterling
Real Madrid 2-0 Leipzig – Federico Valverde

ဘိုင်ယန်မြူးနစ် ၂-၀ ဘာစီလိုနာ
ဘာစီလိုနာရဲ့ ပထမပိုင်း ကစားပုံ ကောင်းခဲ့ပေမဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ခံစစ်မှာ Build-up လုပ်ခွင့်မပေးဖို ကြိုးစားတဲ့ ဘာစီလိုနာ ကစားဟန်ကြောင့် ဘိုင်ယန် ကစားရခက်ခဲ့ပါတယ်။ ပက္ဒရီ၊ လီဝမ်ဒေါစကီးတိုရဲ့ ကန်ချက်တွေကို နျူအာ ပုတ်ထုတ်နိုင်ခဲ့ပြီး အခွင့်အရေးကောင်းတစ်ကြိမ်ကိုလည်း လီဝမ်ဒေါစကီး ဂိုးပေါ်ထောင်ကန်မိခဲ့လို ဘာစီလိုနာ ဂိုးမရခဲ့တာပါ။ ဘာစီလိုနာဟာ ပထမပိုင်းမှာ ဘိုင်ယန် ဂိုးပေါက်ကို ၁၀ ကြိမ်တိုင်တိုင် ကန်ခဲ့ပေမဲ့ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။

ဂျမေကာတာတိုအပြေးဘုရင် ယူစိန်ဘော့သည် ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်လာရန် ခြေစွမ်း စမ်းသပ်ခံနေသည့် သြစတြေးလျကလပ် စင်ထရယ်ကို့စ်မာရီနာအသင်းအတွက် ပထမဆုံးပါဝင်ကစားသည့် ပွဲတွင် (၂)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
အိုလံပစ်ရွှေတံဆိပ်(၈)ခုဆွတ်ခူးထားသည့် တာတိုအပြေးဘုရင် ယူစိန်ဘော့သည် စင်ထရယ်ကို့စ်မာရီနာအသင်းက မက်ကာသာဆောက်ဝက်စ်အသင်းအား (၄-၀)ဂိုးဖြင့်အနိုင်ရသည့် ခြေစမ်းပွဲတွင် ပထမဆုံးပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် တတိယနှင့် စတုတ္ထအနိုင်ဂိုးကိုသွင်းယူပေးခဲ့ကာ အပြေးပြိုင်ပွဲများတွင် ပြုလုပ်လေ့ရှိသည့် ပုံစံအတိုင်း အောင်ပွဲခံခဲ့သည်။

၂၀၂၂ ခုနှစ် အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲအား စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ဂ် ပန်နိုင်ငံ၊တိုကျိုမြို့၌ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲသည် စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲက အားကစားနှင့်လူ ငယ်ရေးရာဝန်ကြီးဌာန ဒု-အမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းခေါင်းဆောင်၍ စင်ကာပူ Airline SQ761ဖြင့် ရန်ကုန်လေဆိပ်မှထွက်ခွာသွားခဲ့သည်။

ရာသီအစမှာ ခြေစွမ်းညံ့နေချိန် ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက်မှာ သူ့အနေနဲ့ ဝမ်းနည်းပက်လက် ဖြစ်သွားခဲ့တယ်လို့ သောမတ်စ် တူချယ် က ပြောပါတယ်။ချန်ပီယံလိဂ် အစပွဲမှာ ချယ်လ်ဆီး က ဒိုင်နမိုဇာဂရက် ကို ၁-၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ၄၉ နှစ်အရွယ် တူချယ် က ဗုဒ္ဒဟူးနေ့က ထုတ်ပယ်ခံခဲ့ရတာပါ။

ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဒီတစ်ပတ်မှာ ပြန်လည်ကျင်းပမှာဖြစ်ပေမယ့် ပွဲစဉ် ၃ ပွဲကိုတော့ ထပ်မံရွှေ့ဆိုင်းခဲ့ပါတယ်။ဗြိတိန်ဘုရင်မကြီးအဲလီဇဘက်ရဲ့ နာရေးကြောင့် ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို ရွှေ့ဆိုင်းခဲ့ပြီး ဒီတပတ်မှာတော့ စုစုပေါင်း ၃ ပွဲပဲ ရွှေ့ဆိုင်းမှာပါ။
စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့မှာ ကစားကြမယ့် မန်ယူနဲ့ လိဒ်ယူနိုက်တက်ပွဲ၊ ချဲလ်ဆီးနဲ့ လီဗာပူးပွဲစဉ်တွေကို လုံခြုံရေးရဲတပ်ဖွဲ့အင်အားနည်းပါးတာကြောင့် ထပ်မံရွှေ့ဆိုင်းဖို့ ဆုံးဖြတ် ခဲ့တာပါ။အဲဒီနေ့မှာ ဘုရင်မကြီးရဲ့ဈာပနအခမ်းအနားကျင်းပမှာဖြစ်လို့ အဲဒီပွဲအတွက် ရဲတပ်ဖွဲ့ အင်အားတွေ ပေးထားရမှာဖြစ်ပါတယ်။

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲတွင် စပိန်ဆယ် ကျော်သက် တင်းနစ်သမား ကားလို့စ်အယ်လ်ကာ ရက်ဇ်က နော်ဝေနိုင်ငံသား ကက်စပါရုဒ်ကို ၆-၄၊ ၂-၆၊ ၇-၆(၇-၁)၊ ၆-၃ ဖြင့် အနိုင်ကစားပြီး ဗိုလ်စွဲခဲ့သည်။
အသက် ၁၉ နှစ်သာရှိသေးသူ အယ်လ်ကာရက်ဇ် အနေဖြင့် ပထမဆုံး ဂရင်းစလင်းချန်ပီယံဆုနှင့် အတူ အမြင့်ဆုံး ကမ္ဘာ့အဆင့်ရပ်တည်မှုအဖြစ် အဆင့် ၁ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ရုဒ်က အဆင့် ၂ သို့ ရောက်ရှိခဲ့သည်။ -Ref:BBC