
ပရီးမီးယားလိဂ်ပွဲစဉ်များ လာမည့်တစ်ပတ်အထိ ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိသည့်အခြေအနေကို ကလပ်အသင်းများက စိုးရိမ်ပူပန်နေကြောင်း ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနက သုံးသပ်ဖော်ပြသည်။
ဗြိတိန်ထီးနန်းအား နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့သည့် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇလက် နတ်ပြည်စံသည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဗြိတိန်ကျွန်းစုနိုင်ငံများဖြစ်သော အင်္ဂလန်၊ ဝေးလ်စ်၊ မြောက်အိုင်ယာလန်နှင့် စကော့တလန် နိုင်ငံရှိ ဘောလုံးပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲအားလုံးနီးပါးကို ယခုတစ်ပတ်တွင် ကျင်းပခြင်းမရှိဘဲ ရွှေ့ဆိုင်းထားသည်။







