
အက်စ်တာနာအိုးပင်းမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ အကြိမ်(၉၀)မြောက် အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က အိပ်မက်တစ်ခု တကယ်ဖြစ်လာခြင်းလို့ ပြောကြားလိုက်ပါတယ်။

အက်စ်တာနာအိုးပင်းမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ အကြိမ်(၉၀)မြောက် အေတီပီတိုး ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က အိပ်မက်တစ်ခု တကယ်ဖြစ်လာခြင်းလို့ ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေညမှာကစားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက နောက်ဆုံးပွဲမှာတော့ မန်ယူအသင်း ဟာ ရော်နယ်ဒိုရဲ့မှတ်တမ်းသစ်နဲ့အတူ ရလဒ်ကောင်းခဲ့ပါတယ်။ အဝေးကွင်းမှာ အဲဗာတန်အသင်းနဲ့ ကစားခဲ့တာဖြစ်ပြီး မန်ယူအသင်း နောက်ကနေလိုက်ကစားကာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူနိုင်ခဲ့တာပါ။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF) က ပြုလုပ်သည့်ပြိုင်ပွဲတစ်ခုဖြစ်သည့် Mansion Sport Malang Indonesia International Challenge 2022 ကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ပြိုင်ပွဲတွင် ဒုတိယအဆင့်(Round R32) မှ စတင်ကစားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် လန်ဒန်ဒါဘီနှင့် မန်ချက်စတာဒါဘီပွဲများတွင် အိမ်ရှင်အသင်းများဖြစ်သည့် အာဆင်နယ်နှင့် မန်စီးတီးတို့ အနိုင်ရမည်ဟု ပရီးမီးယားလိဂ်သုံးသပ်သူ ခရစ္စဆပ်တန်က ခန့်မှန်းခဲ့သည်။
ခရစ္စဆပ်တန်က အာဆင်နယ်အသင်းသည် စပါးအသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိမည်ဖြစ်ပြီး မန်စီးတီးအသင်းက မန်ယူအသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရရှိမည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ဂန္ထဝင်တိုက်စစ်မှူး မက်ဆီကို ပြန်လည်ခေါ်ယူနိုင်ဖို့ ဘဏ္ဍာရေးပိုင်းအရ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အသင်းအမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့ အက်ဒေါ့ရိုမီယူ က ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ငယ်ဘဝအသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာကို စွန့်ခွာပြီး ပြင်သစ်ကလပ် PSG မှာ သွားရောက်ကစားနေပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာ မက်ဆီဟာ PSG နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာဘက်က ပြန်ခေါ်ဖို့ ဆန္ဒရှိနေပါတယ်။ ဘာစီလိုနာအမှုဆောင်ဖြစ်သလို ဘဏ္ဍာရေးဌာနရဲ့ ဒု-ဥက္ကဌလည်းဖြစ်တဲ့ ရိုမီယူ က လာမယ့်နှစ်မှာ မက်ဆီကို ပြန်ခေါ်ဖို့က ငွေကြေးပိုင်းအရ အဆင်ပြေနိုင်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ သူက PSG နဲ့ စာချုပ်ကုန်ဆုံးပြီး အလွတ်ပြန်ရောက်လာမှာလေ လို့ ပြောကြားခဲ့ပါတယ်။ -Ref:Dailymail

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒိန်းမတ်အသင်းသည် အိမ်ရှင် ကာတာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းဆိုးများနှင့် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ပြုမူဆက်ဆံပုံကို ဆန္ဒပြသည့်အနေဖြင့် toned down ပြုလုပ်ထားသည့်ဝတ်စုံဖြင့် ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဒိန်းမတ်အသင်း၏ဝတ်စုံကို ချုပ်လုပ်ပေးမည့် Kit Provider တစ်ခုဖြစ်သည့် Hummel က ဒီဇိုင်းထုတ်ပေးထားသည့်ဝတ်စုံတွင် အနီရောင်၊ အနက်ရောင်နှင့် အဖြူရောင် ပြောင်ဝတ်စုံများဖြစ်ပြီး ယခုပြိုင်ပွဲသည် လူ့အသက် ထောင်ပေါင်းများစွာကို ရင်းပြီး ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်ခုဟုလည်း ဒိန်းမတ်အသင်းက ယူဆခဲ့သည်။

ရီးယဲလ်မက်ဒရစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာသည် စက်တင်ဘာ (၂၈) ရက်က ကျင်းပသည့် Marca Awards Gala ဆုပေးပွဲတွင် ၂၀၂၁-၂၂ ရာသီ လာလီဂါအကောင်းဆုံးကစားသမားဆုဖြစ်သည့် ဒီစတီဖာနိုဆု၊ ဂိုးသွင်းဘုရင်ဆု ဖြစ်သည့် ပီချီချီဆုနှင့် ပရိသတ်များရွေးချယ်သည့် အကောင်းဆုံးဆုတို့ကို ရရှိခဲ့ကြောင်း သိရသည်။

Nations League ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အီတလီလက်ရွေးစင်အသင်းအနေဖြင့် ဂုဏ်သိက္ခာနှင့် ယုံကြည်မှုရရှိရုံသာမက ငွေကြေးအကျိုး အမြတ်လည်းများစွာရှိခဲ့ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။
အီတလီအသင်းသည် ဂျာမနီ၊ အင်္ဂလန်၊ ဟန်ဂေရီအသင်းများနှင့်အတူ Group of Death (မရဏအုပ်စု)တွင် ကျရောက်ခဲ့ပြီး စက်တင်ဘာလ (၂၆)ရက်က ယှဉ်ပြိုင်ကစားခဲ့သော အုပ်စုနောက်ဆုံးပွဲတွင် ဟန်ဂေရီအသင်းကို (၂-ဝ) ဂိုး ဖြင့် အနိုင်ယူကာ ရမှတ်(၁၁)မှတ်ဖြင့် အုပ်စုပထမနေရာ ရရှိခဲ့သည်။

နပန်းကြယ်ပွင့်တစ်ဖြစ်လဲ သရုပ်ဆောင်မင်းသား ဂျွန်ဆီနာဟာ Make-A-Wish Foundation ရဲ့ အကြိမ်ရေအများဆုံး ဆန္ဒပြခံရသူအဖြစ် ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။ Make-A-Wish Foundation ဆိုတာ အသည်းအသန် နာမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အကျိးအမြတ်မယူ အဖွဲ့အစည်းပါ။