
ဒီမနက်အစောပိုင်း ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ မန်ယူအသင်း ဂိုးပြတ်နိုင်ပွဲရခဲ့ပေမယ့် အာဆင်နယ်အသင်းကတော့ ပထမဆုံး ရှုံးပွဲတွေ့သွားပါတယ်။
မန်ယူအသင်းဟာ မော်ဒိုဗာကလပ် ရှရစ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားခဲ့တာဖြစ်ပြီး ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ပထမပိုင်းပြီးခါနီးအထိ ဂိုးရဖို့ရုန်းကန်ခဲ့ရတဲ့မန်ယူဟာ ပွဲချိန် ၄၄ မိနစ်မှာ ဒါလော့က ခေါင်းတိုက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာ ရက်ရှ်ဖို့ဒ် ၊ ၈၁ မိနစ်မှာ စီရော်နယ်ဒိုတို့က အနိုင်ဂိုးတွေ ထပ်သွင်းခဲ့တာပါ။









