
၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းရဲ့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမား ၁၂ ယောက်အထိ ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အအောင် မြင်ဆုံးအသင်းအဖြစ် ၅ ကြိမ် ဗိုလ်စွဲထားတဲ့ ဘရာဇီးအသင်းဟာ ဂိုးသမားအဖြစ် လီဗာပူး ဂိုးသမား အလစ်ဆန်နဲ့ မန်စီးတီး ဂိုးသမား အီဒါဆင်တို့ကို ရွေးချယ်ခဲ့ပြီး အာဆင်နယ်အသင်းက ဂျီးဆပ်၊ မာတီနယ်လီ၊ ချဲလ်ဆီးနောက် ခံလူ တီယာဂိုဆေးဗား၊ မန်ယူအသင်းက ဖရက်၊ ကက်စ်မီရို နဲ့ အန်တိုနီ၊ စပါးတိုက်စစ်မှူး ရစ်ချာလီဆန်၊ နယူးကာ ဆယ်က ဘရူနိုဂွီမာရေး၊ လီဗာပူးက ဖာဘင်ဟိုနဲ့ ဝက်စ်ဟမ်းအသင်းက လူးကပ်စ်ပါကေတာတို့ ပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။









