
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ မန်စီးတီးအသင်းက လာပေါ်တီ နဲ့ ရိုဒရီ တို့ ပါဝင်ခဲ့ပါတယ်။ နောက်ခံလူ လာပေါ်တီဟာ စပိန်အသင်းအတွက် ၁၅ ပွဲ ကစားပေးထားသူ ဖြစ်သလို ကွင်းလယ်လူ ရိုဒရီကလည်း ၃၄ ပွဲထိ ပါဝင်ကစားထားတာပါ။ သောကြာနေ့က ထုတ်ပြန်တဲ့ စပိန် အသင်း ရဲ့ ၂၆ ဦးစာရင်းမှာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဂိုးသမား ဒီဂီယာ၊ နောက်ခံလူ ရာမို့စ် နဲ့ ကွင်းလယ်လူ သီယာဂို တို့ကတော့ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။









