
မန်ယူအသင်းအနေနဲ့ စီရော်နယ်ဒိုကို ရက်ပိုင်းအတွင်းမှာပဲ အသင်းကနေ ထုတ်ပယ်ဖို့လိုအပ် ကြောင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းတာဝန်ရှိသူတွေရဲ့ သစ္စာဖောက်တာ ခံခဲ့ရတယ်လို့ လူသိရှင်ကြားဝေဖန်ခဲ့တာပါ။ ရော်နယ်ဒိုဟာ အသင်းဆီကို ပြန်လာဖို့ဆန္ဒရှိမယ်ဆိုရင် အင်တာဗျူးမှာ ဝေဖန်ခဲ့မှာမဟုတ်ဘဲ အသင်းဆီပြန်လာဖို့ မရှိလို့သာ အဲဒီလိုစကားပြောခဲ့တာဖြစ်ကြောင်း နဗီးလ် ကပြောပါတယ်။









