
တရုတ် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Baidu ဟာ သူ့ရဲ့အလိုအလျောက်မောင်းနှင်တဲ့ တက္ကစီဝန်ဆောင်မှုဖြစ်တဲ့ Apollo Go မှာ ပါဝင်မယ့် မျိုးဆက်သစ် မောင်းသူမဲ့ကားကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။
Apollo RT6 လို့ အမည်ပေးထားတဲ့ အဲဒီမောင်းသူမဲ့ ကားဟာ နှစ်ပေါင်း ၂၀ လောက် အတွေ့အကြုံရှိတဲ့ ဒရိုင်ဘာတစ်ဦးလို ကျွမ်းကျင်မှုရှိတယ်လို့ ကုမ္ပဏီကဆိုပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ မောင်းသူမဲ့ကားတွေ ဘေးကင်းလုံခြုံရေးအတွက် ယာဉ်မောင်းတွေလိုက်ပါဖို့ လိုအပ်နေပါတယ်။









