
တရုတ် Metaverse ကုမ္ပဏီ ၁ ခုက လူတူ စက်ရုပ်ကို CEO ရာထူး ခန့်ထားပါတယ်။ စက်ရုပ် နာမည်က Ms Tang Yu ဖြစ်ပြီး AI ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ စက်ရုပ်ကို CEO ရာထူး ခန့်ထားတာ ဒါဟာ ကမ္ဘာ့ ပထမဆုံး ဖြစ်ပါတယ်။

တရုတ် Metaverse ကုမ္ပဏီ ၁ ခုက လူတူ စက်ရုပ်ကို CEO ရာထူး ခန့်ထားပါတယ်။ စက်ရုပ် နာမည်က Ms Tang Yu ဖြစ်ပြီး AI ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ စက်ရုပ်ကို CEO ရာထူး ခန့်ထားတာ ဒါဟာ ကမ္ဘာ့ ပထမဆုံး ဖြစ်ပါတယ်။

အက်ပဲလ်က သူတို့ရဲ့ နောက်ဆုံးထုတ် အိုင်ဖုန်း၁၄ ကို တရုတ်မှာ မထုတ်တော့ဘဲ အိန္ဒိယမှာ စပြီးထုတ်လုပ်နေပြီလို့ ပြောပါတယ်။
အက်ပဲလ်က သူတို့ရဲ့ ဖုန်းအများစုကို တရုတ်မှာ ထုတ်လုပ်နေခဲ့ပေမဲ့ အခု တရုတ်နဲ့ အမေရိကန်ကြား နိုင်ငံရေးတင်းမာမှုတွေ တိုးလာချိန်မှာတော့ ထုတ်လုပ်ရေးလုပ်ငန်းတချို့ကို တရုတ်ပြည်ပြင်ပကို ရွှေ့ပြောင်းပြီး လုပ်လာတာပါ။ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာ့ ကပ်ရောဂါကြီးဖြစ်လာပြီး တရုတ်ကလည်း သူ့ပြည်တွင်းမှာ ကိုဗစ်လုံးဝကင်းစင်ရေး မူချပြီး လော့ခ်ဒေါင်းချပိတ်ဆို့ ကန့်သတ်မှုတွေအများကြီး လုပ်ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်းရပ်တန့်ပြီး ထိခိုက်ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။

အမေဇုန်သည် ၂၀၂၅ ခုနှစ်၌ ၎င်း၏လုပ်ငန်းခွင်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ရာနှုန်းပြည့်အသုံးပြုနိုင်ရန် ကြိုးပမ်းနေသဖြင့် ၂ ဒသမ ၇ ဂစ်ဂါဝပ်ပမာဏရှိသည့် သန့်ရှင်းသောစွမ်းအင်ကို စီမံချက်အသစ်များတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

မန်ယူတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ အအောင်မြင်ဆုံး ဘောလုံးသမား အဖြစ် ရပ်တည်နေပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်မယ့်ကစားသမားတွေထဲ ပရိသတ်အပေါ် အလွှမ်းမိုးနိုင်ဆုံးကစားသမားစာရင်းမှာ ရော်နယ်ဒိုဟာ မက်ဆီ၊ နေမာ နဲ့ အမ်ဘာပီ တို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်တဲ့ လောင်စာဆီတွေကို အစားထိုးနိုင်မယ့် နည်းလမ်းတွေကို ပညာရှင်တွေက ရှာဖွေနေကြပါတယ်။
အခုတော့ ဖင်လန် Oulu တက္ကသိုလ်က Nano and Molecular Systems Research Unit (NANOMO) မှ သုတေသနပညာရှင်တွေက ရေကို လောင်စာဆီ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ်။ နေအလင်းရောင်ကို အသုံးပြုကာ ရေကို အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် အဖြစ် ခွဲခြားပေးကာ အဲဒီကနေ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။

LG က 6G Terahertz (THz) ဒေတာ ပေးပို့မှုနဲ့ လက်ခံမှုကို အောင်မြင်စွာ စမ်းသပ်နိုင်ပါပြီ။ ဂျာမနီ နိုင်ငံ ဘာလင်က Fraunhofer Heinrich Hertz Institute (HHI) မှာ စက်တင်ဘာလ ၇ ရက်နေ့က စမ်းသပ်ခဲ့တာ ဖြစ်ပြီး Frequency Range က 155-175 GHz အတွင်း ရှိပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ 6G ဆက်သွယ်မှုကို စီးပွားဖြစ် ဝန်ဆောင်မှု ပေးဖို့ အရေးကြီးတဲ့ အဆင့်လို့ ပြောပါတယ်။

အီလွန်မာ့စ်ထံ ကုမ္ပဏီအား အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ ရောင်းချရေးအစီအစဉ်ကို တွစ်တာရဲ့ ရှယ်ယာရှင်တွေက အတည်ပြုမဲပေးခဲ့ကြပြီး သူတို့ရဲ့ ဆန်ဖရန်စစ္စကို ရုံးချုပ်ကနေ ရှယ်ယာရှင်တွေဆီ ဗီဒီယိုကွန်ဖရင့် ခေါ်ဆိုပြီး အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒါက တွစ်တာကို အီလွန်မာ့စ်က ဝယ်ယူရေး အထမြောက်စေရန် ကုမ္ပဏီက တရားရုံးတွေကနေ လုပ်ဆောင်ရမယ်ဆိုတာကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ဂျပန်အခြေစိုက် မော်တော်ကားကုမ္ပဏီဖြစ်တဲ့ ဟွန်ဒါဟာ အမေရိကန်မှာ လျှပ်စစ်ကားဘက်ထရီစက်ရုံ တည်ထောင်ဖွင့်လှစ်ဖို တောင်ကိုရီးယားအခြေစိုက် အယ်လ်ဂျီနဲ့ ပူးပေါင်းလိုက်ပါတယ်။

ဘရာဇီးက Charger မပါတဲ့ iPhone တွေ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီး အဲဒီကိစ္စနဲ့ပတ်သက်ကာ Apple ကို ဒေါ်လာ ၂ သန်းကျော် ဒဏ်ရိုက်လိုက်ပါတယ်။ ဘရာဇီး အာဏာပိုင်တွေက ဘက်ထရီ Charger မပါတဲ့ ဘယ် iPhone မော်ဒယ်ကိုမဆို ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။တရားရေးနဲ့ အများပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက Apple ကို ဒဏ်ငွေ ဒေါ်လာ ၂.၄ သန်း ပေးဆောင်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် iPhoneများအား စျေးပိုပေးနေရ သကဲ့သို့ဖြစ်နေသည်။ ဂျပန်နိုင်ငံတွင် 128GB ပါရှိသည့် ပုံမှန် iPhone 14 မော်ဒယ်သည် စျေးနှုန်း ယန်း 119,800 ($841) ရှိပြီး လွန်ခဲ့သည့် တစ်နှစ်က ထွက်ရှိခဲ့သော iPhone 13 ထက် ၂၁% ခန့် စျေးမြင့်နေသည်။ တောင်ကိုးရီးယားနှင့် နှိုင်းယှဉ်ပါက ၁၅% ပိုများနေသည်။