
realme က အိန္ဒိယမှာ တန်ဖိုးနည်း 5G ဖုန်း အသစ် realme 9i 5G ကို ကြေညာလိုက်ပါတယ်။ ၆.၆ လက်မ FHD+ 90Hz မျက်နှာပြင် ပါလာပြီး 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Dimensity 810 5G Chipset မောင်းနှင်ထားပြီး အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။








