
Xiaomi က အရင်နှစ်ထုတ် Mi 11 Lite NE 5G ရဲ့ မျိုးဆက်သစ် 12 Lite ကို နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပါတယ်။ Xiaomi 12 Lite မှာ ၆.၅၅ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး HDR10+ , Dolby Vision Support ပါလာပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားပါတယ်။









