
Xiaomi က Redmi 11 Prime 5G အမည်ရ တန်ဖိုးနည်း ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Dimensity 700 Chip မောင်းနှင်ထားပြီး 4/64GB, 6/128GB နဲ့ 4/128GB Version ၃ မျိုး ထုတ်လုပ်ထားပါတယ်။

Xiaomi က Redmi 11 Prime 5G အမည်ရ တန်ဖိုးနည်း ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Dimensity 700 Chip မောင်းနှင်ထားပြီး 4/64GB, 6/128GB နဲ့ 4/128GB Version ၃ မျိုး ထုတ်လုပ်ထားပါတယ်။
ငွေလွှဲ၊ ငွေထုတ်ခြင်းများပြုလုပ်ရာတွင် မိုဘိုင်းငွေရေးကြေးရေး၀န်ဆောင်မှုလုပ်ငန်း စည်းမျဥ်း၊စည်းကမ်းများအရ ပိုမိုလုံခြုံစိတ်ချရစေရန် Wave Money က လုံခြုံရေးအဆင်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ အဆင်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသဖြင့် Wave ဆိုင်များ၌ ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှု အသုံးပြုသူများ အနေဖြင့် မှတ်ပုံတင်အား မဖြစ်မနေယူဆောင်လာရမည်ဟု သိရသည်။
ထို့ပြင် အချက်အလက်အပြည့်အစုံအား ဖြည့်စွက်ရန်လိုအပ်ကာ ထိုသို့ ပြည့်စုံစွာဖြည့်စွက်မှသာ သို့မှသာ ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဘာတွေ ပြောင်းလဲသွားလဲဆိုရင် လိုင်းမမိတဲ့အချိန် အရေးပေါ် Message ပို့နိုင်မယ့် ဂြိုလ်တုဆက်သွယ်ရေးစနစ် ပါလာတယ်။ Car Accident ဖြစ်တာမျိူးဆိုရင် အရေးပေါ် ဖုန်းခေါ်ပေးမယ့် Crash Detection ပါလာတယ်။

Xiaomi က ဇူလိုင်လမှာ 67W Fast Charging ပါတဲ့ Xiaomi 12S Ultra ကို ရောင်းချခဲ့ပါတယ်။ အဲဒီထက် ပိုကောင်းတဲ့ 120W Fast Charging ကို စွမ်းရည်သင့် Redmi Note 11T Pro Series မှာ ထည့်သွင်းပေးထားပါတယ်။

လက်ရှိမှာ နယူးယောက်ကနေ လန်ဒန်ကို လေယာဉ်နဲ့ သွားရင် ၇ နာရီလောက်ကြာမြင့်ပါတယ်။ လေယာဉ် ပညာရှင်တွေက ဒီထက် မြန်တဲ့နှုန်းနဲ့ သွားနိုင်မယ့် လေယာဉ်တွေကို ဖန်တီးနေပါတယ်။လေယာဉ် ကုမ္ပဏီ Boom Supersonic က Overture အမည်ရ လေယာဉ် အသစ်ကို တည်ဆောက်ထားပြီး နယူးယောက် ကနေ လန်ဒန်ကို အချိန် ၃ နာရီခွဲနဲ့ ပို့ဆောင်ပေးနိုင်ပါတယ်။ လက်ရှိ ခရီးချိန်ထက် ထက်ဝက်လောက် ပိုမြန်သွားမှာပါ။ အဲဒီ လေယာဉ်ကို ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်မှာ ဖြစ်ပြီး ခရီးသည် ၆၅ ယောက်ကနေ ၈၈ ယောက်အထိ သယ်ဆောင်နိုင်ပါတယ်။

အမေရိကန်အာကာသအေဂျင်စီ(နာဆာ)မှ သိပ္ပံပညာရှင်များသည် လကမ္ဘာခရီးစဉ်သို့ သွားရောက်မည့် ခရီးစဉ်အတွက် ဒုံးပျံစမ်းသပ် ပစ်လွှတ်ရန် ဩဂုတ် ၂၉ ရက်တွင် စီစဉ်ထားသော်လည်း လွှတ်တင်မှုကို ရွှေ့ဆိုင်းခဲ့ရသည်။လူလိုက်ပါခြင်းမရှိသည့် Artemis I မစ်ရှင်အတွက် ဖလော်ရီဒါရှိ ကနေဒီအာကာသစခန်းမှ လွှတ်တင်ရန်စီစဉ်ခဲ့ သော်လည်း အင်ဂျင် ပြဿနာအချို့ရှိသဖြင့် လွှတ်တင်မှုကို ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံမှာ Ciradia iLint လို အမည်ပေးထားတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်ကို အပြည့်အဝအသုံးပြုထားတဲ့ ကမ်ဘာ့ပထမဆုံးရထားကို ဟမ်းဘက်အနီးက မြိုလေးမြိုကို ဆက္သြယ္ထားတဲ့ မိုင် ၆၀ ရှည်တဲ့ ရထားလမ်းပိုင်းမှာ စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။ဒီရထားတွေကို ပြင်သစ်အခြေစိုက် Alstom ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စတင်စမ်းသပ်ခဲ့ပြီး တစ္နာရီကို ကီလိုမီတာ ၈၀ ကေန ၁၂၀ ကီလိုမီတာအထိ ခရီးရောက်နိုင်ပြီး အမြင့်ဆုံး ၁၄၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါတယ်။ ဟိုက်ဒရိုဂျင်စွမ်းအင်ကို အသုံးပြုထားတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုမရှိဘဲ ရေငွေ့တွေကိုသာစွန့်ထုတ်ပြီး အသံဆူညံမှုလည်းနည်းပါးကာ သဘာ၀ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်စေတဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။လက်ရှိမှာတော့ ဂျာမနီမှာ ရထားငါးစင်းနဲ့ စတင်ပြေးဆွဲနေပြီး နောက်ထပ်ကိုးစင်းကတော့ မကြာခင်မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။

အီတလီဇိမ်ခံ Sports ကားကုမ္ပဏီ လမ်ဘော်ဂီနီက သူတို့ရဲ့ကားအားလုံးကို ၂၀၂၄ ခုနှစ်စာအထိ ရောင်းချထားပြီဖြစ်ပြီး ဝယ်လိုအားမြင့်မားနေပါတယ်။ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်ကျော်အတွင်း ရောင်းချ၊ ပေးပို့ခဲ့တဲ့ ကားအစီးရေ (၅၀၉၀) အထိရှိပြီး အော်ဒါမှာယူမှုနဲ့ ရောင်းချမှုအရ စံချိန်တင်ရလဒ်တွေ ရရှိနေပါတယ်။ လမ်ဘော်ဂီနီကုမ္ပဏီဟာ နောက် (၁၈) လအထိလည်း အော်ဒါတွေ ပြည့်နေပါတယ်။

ဖေ့စ်ဘွတ်သည် သုံးစွဲသူသန်းပေါင်းများစွာ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပအဖွဲ့အစည်းအား ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်ဟု စွပ်စွဲထားသော Cambridge Analytica၏ တရားစွဲမှုကို ဖြေရှင်းရန် သဘောတူညီခဲ့သည်။
ဆန်ဖရန်စစ္စကိုတရားရုံးတွင် ဖေ့စ်ဘွတ်၏တင်သွင်းမှုအရ ကုမ္ပဏီအ နေဖြင့်သဘောတူညီချက် မူကြမ်းကို တင်သွင်းနေဆဲဖြစ်သဖြင့် ရက်ပေါင်း ၆၀ ကြာပြီးမှအပြီးသတ် တရားစွဲဆိုရန် တောင်းဆိုထားကြောင်းသိရှိရသည်။

National University of Singapore’s (NUS) College of Design and Engineering (CDE) မှ သုတေသန ပညာရှင်တွေက လေထု စိုထိုင်းမှုကနေ လျှပ်စစ် စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ (MEG) Device ၁ ခုကို တီထွင်လိုက်ပါတယ်။ အဲဒီ Device ကို ၀.၃ မီလီမီတာ အထူရှိတဲ့ ချည်သား၊ ပင်လယ်ဆားငန်ရေ၊ ကာဘွန်မှင်၊ ရေစုပ်ယူတဲ့ Gel တို့နဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။