
အမေရိကန် အင်ဂျင်နီယာ ကျောင်းသား Remy Oktay က လျှပ်စစ်ကားနဲ့ အားသွင်းနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး လျှပ်စစ် လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်လိုက်ပါတယ်။ လျှပ်စစ် လေယာဉ်ရဲ့ အမည်က Pipistrel Alpha Electro ဖြစ်ပြီး Oktay ဟာ နောက်တစ်ကြိမ် ပျံသန်းမှု အနေနဲ့ ကွန်နက်တီကတ်က ဟာ့ဒ်ဖို့ဒ်ကနေ ပင်ဆဲဗေးနီးယားက အီစ်တန်ကို ပျံသန်းမှာပါ။









