
တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် အောင်မင်္ဂလာအဝေးပြေးနဲ့ ဒဂုံဧရာအဝေးပြေးကပြေးဆွဲပေးနေတဲ့ အဝေး ပြေး ခရီးသည်ယာဉ်လိုင်းတွေကနေ တန်ဆာပစ္စည်းတင်ဆောင်တာတွေနဲ့ လူမဲ့တန်ဆာတင်ဆောင်တာတွေကို ခွင့်ပြုထားတာမရှိဘူးလို့ YRTC ကော်မတီဝင် ဦးဘမြင့်က ပြောပါတယ်။ သြဂုတ် ၉ ရက် နေ့လယ် ၂ နာရီက YRTC အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ အဝေးပြေး ယာဉ်လိုင်းတွေမှာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ခွင့်မပြုဖို အရင်ကတည်းက ညွှန်ကြားထားတာ ဖြစ်တယ်လို့လည်း ဦးဘမြင့်ကပြောပါတယ်။











