
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားကွင်း တွင် ဖွင့်လှစ်ထားသည့် အဝေး ပြေးယာဉ်လိုင်းဂိတ်များမှ ကုန်ပစ္စည်းပေးပို့ခြင်း၊ ရွေးယူခြင်း ကို ဩဂုတ် ၅ ရက် (ယနေ့)မှစတင်ကာ ပိတ်သွားမည် ဖြစ်ကြောင်း အဆိုပါယာဉ် လိုင်းဂိတ်များမှ သိရသည်။
ဩဂုတ် ၃ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဂိတ်ပိုင်ရှင်များနှင့် အစည်းအဝေး ပြုလုပ်ပြီးနောက် ကုန်ပစ္စည်းတင်ပို့ခြင်း၊ ရွေးယူခြင်းများလုပ်ငန်းများကို ပိတ်ထားရန် အသိပေးခဲ့ကြာင်း သိရသည်။









