
အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခုမှာ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟီရီကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု လိုက်ပါတယ်။ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ် ကလူနေအိမ်ရာတစ်ခုမှာ မိသားစုနဲ့အတူ ပုန်းအောင်းနေတဲ့ အယ်လ်ဇာဝါဟီရီကို အမေရိကန်ထောက်လှမ်းရေး CIA က အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ စုံစမ်းရှာဖွေခဲ့ပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒရုန်းနဲ့ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ သမ္မတဘိုင်ဒန်က အိမ်ဖြူတော်မှာ ညနေခင်းမိန့်ခွန်းပြောကြားရာမှာ “အယ်လ်ဇာဝါဟီရီဟာ အမေရိကန် အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ လူသတ်မှုတွေကို ရှေ့ဆောင်လမ်းပြလုပ်နေသူ သမ္မတဘို ဖြစ်ပါ တယ်။












