
ထိုင်းနိုင်ငံသို့ အမ်အိုယူလုပ်သား ၈၀၀ ကျော် ထပ်မံသွားရောက်ခွင့်ရရှိကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ သိရသည်။ ဩဂုတ် ၁ ရက်က မြ၀တီ- မဲဆောက် ချစ်ကြည်ရေး အမှတ်(၂) တံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ခွင့် ရခဲ့ခြင်းဖြစ်ပြီး Myanmar Experience Link Co., Ltd. အေဂျင်စီ၊ New Covenant အေဂျင်စီ၊ ထူးသစ်ဇေအေဂျင်စီ၊ ယွန်းနဒီဦး အေဂျင်စီ၊ Arbourfield Manpower အေဂျင်စီ၊ ထရိန်းဝင်း အေဂျင်စီကုမ္ပဏီများက တာဝန်ယူ ပို့ဆောင်ပေးကြောင်းလည်း သိရသည်။









