
YUPT ကုမ္ပဏီက YBS ယာဉ်လိုင်း (၆) လိုင်းကို ခရီးအကွာအဝေးစနစ်နဲ့ ယာဉ်စီးခ ပြောင်းလဲကောက်ခံဖို့ စီစဉ် နေတယ်လို့ YUPT ကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ခရီးအကွာအဝေးနဲ့ ယာဉ်စီးခ သတ်မှတ် ကောက်ခံမယ့် ယာဉ်လိုင်း (၆) လိုင်းကတော့ YBS 2 ၊ YBS 3 ၊ YBS 4 ၊ YBS 24 ၊ YBS 28 နဲ့ YBS 110 ယာဉ်လိုင်း တွေ ဖြစ်တယ်လို့ ဆိုပါတယ်။










