
သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးအကြိမ် ဖြေဆိုခွင့်အတွက် လာမယ့် စက်တင်ဘာ (၁) ရက် ကေန (၃၀) ရက်အတွင်း လျှောက်ထားရမှာ ဖြစ်တယ်လို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ် (၂၃) ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။၂၀၂၂ ခုနှစ် မတ်လက ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူတွေ နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုတာ မရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စနစ်ဟောင်း ၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင် စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် လာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။













