
ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့အပါအဝင် နေရာ ၃ ခု၌ နိုဝင်ဘာ ၂ ရက် မွန်းတည့်ပိုင်းက ကလေး၊လူကြီး ၁၀၀ ဦးခန့်အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သဖြင့် ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
သာကေတမြို့နယ်၊(၁၀)မြောက်ရပ်ကွက်ရှိ အ.မ.က(၂ ၉)တွင် နေ့လည်ပိုင်းက လာရောက်လှူဒါန်းသည့် ကြာဆံကြော်စားမိရာမှ ကလေးငယ်များ အစာအဆိပ်သင့်ခဲ့၍ ရန်ကင်း ကလေးဆေးရုံနှင့်ဟယ်ပင်ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။







