
ရွှေတုံးရွှေခဲ ရောင်းချခြင်းနှင့် ရွှေဆိုင်အသစ်ဖွင့်လှစ်ခြင်းများအတွက် လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူ ၁၀၀ ကျော်ရှိ ကြောင်း ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ “ အကုန်လုံးဆို ၁၀၀ ကျော်လောက်ရှိ တယ်။ ရွှေတုံးရွှေခဲ ရောင်းချမယ့်သူရော ရွှေ ဆိုင်အသစ်ဖွင့်မယ့်သူရောပေါ့” ဟု ဦးမျိုးမြင့် က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဆိုင် လုပ်ငန်း တစ်သောင်းကျော်ရှိပြီး နှစ်စဉ် ဒီဇင် ဘာလကုန်၌ သက်တမ်းကုန်ဆုံးပြီး လာမည့် နှစ်အတွက် ရွှေလုပ်ငန်းလိုင်စင် သက်တမ်း တိုးခြင်းကိုလည်း ကြိုတင်ဆောင်ရွက် လျက် ရှိ ကြောင်း သိရသည်။








