
မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားခရီးစဉ်အား တစ်ရက်လျှင် ရထားနှစ်စင်းဖြင့် ပြေးဆွဲနေပြီး အခြား ခရီးစဉ်များတွင် ခရီးသည်စီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်းနှင့် ရထားစင်း ရေတိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့မီးရထားက နယ်ဝေးရထားခရီးစဉ်များ အဖြစ် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လ မြိုင်ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။






