
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ပါတီဗဟိုအတိုင်ပင်ခံ ဒေါက်တာမြင့်သိန်းနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အကူအညီလိုအပ်နေသော ပါတီဝင်မိသားစု အင်အား (၁၅၀)ဦး နှင့် တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁၃၃၀ အချိန်မှ ၁၅၀၀ အချိန်ထိ တိုင်းဒေသကြီး ပါတီရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။








