
ရုရှားနိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပသည့် (၁၂) ကြိမ်မြောက် နျူကလီး ယားနည်းပညာအခြေခံ သည့် ဆန်းသစ်တီ ထွင်မှုဖိုရမ် (၂၀၂၂) (XII International Forum ATOMEXPO 2022) ဖွင့်ပွဲသို့ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Sirius Park of Science and Art & Sd Atom ခန်းမတွင် ပြုလုပ်သည့်မျက်နှာစုံညီ အစည်းအဝေး (Plenary SeQion) တွင် ‘Nuclear Spring: creating sustainable future’ ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုကို တက်ရောက်လေ့လာခဲ့ ကြောင်း သိရသည်။








