
မြန်မာနိုင်ငံမှ အရည်အသွေးမြင့် ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံစျေးကွက်သို့ ဝင်ရောက်ရေး တိုးမြှင့်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစီးပွားရေးသံမှူး Mr.Tan Shufu က ပြောကြားသည်။ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ တနင်္သာရီတိုင်း မြိတ်မြို့၌ ကျင်းပသည့် တရုတ်-မြန်မာ ရေထွက်ပစ္စည်း ပူးပေါင်းဆောင်ရွက်မှု ကူးလူးဖလှယ်ရေး ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။









