
အမေရိကန်သမ္မတ အတည်ပြုခဲ့သည့် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) က အကြမ်းဖက်မှုကို အားပေးပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။ အမေရိကန်သမ္မတက ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) ကို ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့ကြောင်း ယင်းအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ‘BURMA Act of 2022’ အား ထည့်သွင်းခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။







