
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အငှားယာဉ်အနေနဲ့ ပြေးဆွဲမယ့် EV ယာဉ်တွေဟာ City Taxi အဖြစ် မှတ်ပုံတင်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကနေ သိရပါတယ်။
အငှားယာဉ်တွေကို စည်းကမ်းနဲ့အညီ စနစ်တကျပြေးဆွဲနိုင်ဖို့၊ မြို့တော်အင်္ဂါရပ်နဲ့ညီညွတ်တဲ့ City Taxi တွေ ဖြစ်စေဖို့နဲ့ အုပ်ချုပ်မှုဆိုင်ရာတွေ စနစ်တကျပြုလုပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ စင်းလုံးငှားဌာနက မှတ်ပုံတင်တဲ့လုပ်ငန်းကို ဆောင်ရွက်ပေးနေရာ EV ယာဉ် တွေလည်း City Taxi အဖြစ် မှတ်ပုံတင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်