
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတွင် ပတ်ဝန်းကျင် ရှုခင်းများကို အမြင့်မှကြည့်ရှုနိုင်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် စီးနင်းနိုင်မည့် Sky cable Car ပြေးဆွဲခြင်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။






မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်-မန်ဝိန်းဂိတ်ကို ဇန်နဝါရီ ၁၄ ရက်က နှစ် နိုင်ငံစလုံး ဖွင့်လှစ်ခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ တရုတ်-မြန်မာနယ်စပ် ရွှေလီနယ်စပ် ဂိတ် တရုတ်ဘက်က စတင်ဖွင့်လှစ်ထား ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ ၈ ရက်မှစ၍ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအတွက် “B အဆင့်ကူးစက်မှုရောဂါကို အဆင့် စီမံထိန်း ချုပ်မှု”အကောင်အထည်ဖော်ဆောင်ပြီး ပြည်ဝင်လာသူများနှင့်ကုန်ပစ္စည်းများ စသည် တို့အပေါ် ကူးစက်ရောဂါစစ်ဆေးရေး စီမံ ခန့် ခွဲ မှုအစီအမံများ မကျင့်သုံးတော့ ကြောင်း၊ ထိုနေ့တွင် ယူနန်ပြည်နယ် တရုတ် -မြန်မာ နယ်စပ်ရွှေလီနယ်စပ်ဂိတ်၊ တရုတ် -ဗီယက် နမ်နယ်စပ် ဟိုခိုနန်ရှီးမြစ်နယ်စပ်ဂိတ်၊ တရုတ်-လာအိုနယ်စပ် မိုဟန်နယ်စပ်ဂိတ် တို့ ၌ ဂိတ်ဖြတ်သန်းသွားလာရေး လုပ်ငန်း များ ပြန်လည်စတင်ခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ရွှေလီနယ်စပ်ဂိတ်တွင် ဂိတ်ဖြတ်သန်း သွားလာမှုများ ပြန်လည်စတင်ပြီးနောက် ပြည်ဝင်သူများသည် ကျန်းမာရေးကုတ် လျှောက်ထားရယူရန်မလိုတော့ဘဲ ၄၈ နာ ရီအတွင်း စစ်ဆေးထားသော COVID-19 ရောဂါမရှိကြောင်း စစ်ဆေးမှုအစီရင်ခံစာကို သာ လိုအပ်တော့ ကြောင်း၊ ပြည်ဝင်လာသည့် ကုန်တင်ကားများသည် ယာဉ်မောင်းနှင့် ယာဉ်၏အချက်အလက်ကို အကောက်ခွန် ဌာနထံ ကြိုတင်အကြောင်းကြားပြီး ပြည် ဝင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်း ကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာစျေး စသည့် လမ်းကြောင်း သုံးခု၌ လူ၊ ကုန်ပစ္စည်းများ ဖြတ်သန်းသွား လာမှု ဇန်နဝါရီ ၈ ရက်မှစ၍ ပြန်လည်ဖွင့် လှစ်ခဲ့ကြောင်း သိရသည်။