လက်စတာစီးတီးက ၎င်း တို့၏ နည်းပြ ရှိတ်စပီးယားကို ရာထူးသက်တမ်း လေးလအကြာတွင် ထုတ်ပယ်ခဲ့ သည်။
လက်စတာအသင်းသည် လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နောက်ဆုံး ယှဉ်ပြိုင်ခဲ့သော ခြောက်ပွဲအတွင်း နိုင်ပွဲ တစ်ပွဲမျှ မရှိခဲ့ပေ။
အသက် (၅၃)နှစ်အရွယ် ရှိတ်စပီးယားသည် ဖေဖော်ဝါရီတွင် နည်းပြ ရာနီရေရီ၏နေရာ ဆက်ခံခဲ့ကာ ကနဦး၌ ယာယီနည်းပြအဖြစ်သာ တာဝန်ပေးအပ်ခံရပြီး ဇွန်လတွင် တရားဝင်နည်းပြအဖြစ် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။