
စပိန်လီဂါကလပ် ရီးရဲမက်ဒရစ်အသင်းတာဝန်ရှိသူများသည် ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်၌ နည်းပြ ဇီဒန်းနှင့် လမ်းခွဲဖြစ်ခဲ့ပါက လီဗာပူးအသင်းမန်နေဂျာ ဂျာဂျင်ကလော့အား ရီးရဲအသင်း နည်းပြသစ်အဖြစ် အစားထိုးရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ရေးသား ဖော်ပြထားသည်။
ဂျာမနီလူမျိုး မန်နေဂျာ ဂျာဂျင်ကလော့(၅၀နှစ်) ၏ လီဗာပူးအသင်းအတွက် စွမ်းဆောင်ပေးမှုများအပေါ် ရီးရဲမက်ဒရစ် အသင်းတာဝန်ရှိသူများက နှစ်သက်လေးစားမှု ရှိနေသည်ဟု ဆိုသည်။ ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းအနေဖြင့် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဘွဲ့ ကာကွယ်ပေးနိုင်ခြင်းမရှိပါက ရာထူးမှ ထုတ်ပယ်ခံ ရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသူဖြစ်သည်။









