
လီဗာပူးတိုက်စစ်မှူး ဆာလက်သည် မန်ယူဂိုးသမားဒီဂီယာ၊ စပါးမှ ဟယ်ရီကိန်း၊ ဘန်လေမှ တာကောစကီး၊ မန်စီးတီးမှ ကီဗင်ဒီဘရိုင်နှင့် စတာလင်တို့ကို ကျော်ဖြတ်၍ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဘောလုံး သမားဆုကို ပထမဆုံး ရရှိခဲ့သည်။
လီဗာပူး၌ ပွဲဦးထွက်ရာသီတွင် ခြေစွမ်းပြနေသူ ဆာလက် သည် ပရော်ဖက်ရှင်နယ်ကစားသမားများ အစည်းအရုံးက ပေးအပ်သော တစ်နှစ်တာအကောင်းဆုံးကစားသမားဆု (PFA)၊ အား ကစားကလောင်ရှင်များမှ ပေးအပ်သော တစ်နှစ်တာအကောင်း ဆုံးကစားသမားဆု (FWA) နှင့် လီဗာပူးတစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုတို့ကို သိမ်းပိုက်ထားသည်။








