ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP)က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ယခုတပတ်အတွက် အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်ဟာ ကမ္ဘာ့နံပါတ် (၁) နေရာကို ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။
ဂရင်းစလင်းချန်ပီယံ ၁၆ ကြိမ်ရ နဒါးလ်ဟာ ဒုတိယနေရာမှ ဆွစ်ဇလန်တင်းနစ်သမား ရော်ဂျာ ဖက်ဒရာနှင့် တတိယနေရာမှ ဗြိတိန်ကစားသမား အန်ဒီမာရေးကို ကမ္ဘာ့အဆင့်ဇယားမှာ ဦးဆောင်ခဲ့ပါတယ်။