
စပို့တင်းလစ္စဘွန်း နည်းပြ ဂျော့ခ်ျဂျီးဆပ်က အက်သလက်တီကို တိုက်စစ်မှူး ဂရေ့ဇ်မန်းကို ထိန်းချုပ်ရခြင်းက မက်ဆီကို ထိန်းချုပ်ရခြင်းထက် ပိုမိုခက်ခဲသည်ဟု ဆိုလိုက်သည်။
စပို့တင်းလစ္စဘွန်းအသင်းမှာ ကြာသပတေးနေ့ညတွင် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်း၏ အိမ်ကွင်း ၀မ်ဒါမက်ထရိုပိုလီတာနိုကွင်းတွင်း ကစားရမည်ဖြစ်သည်။
ထိုပွဲစဉ်တွင် ဂရေ့ဇ်မန်းကို အထူးသတိထား ထိန်းချုပ်ရန် လိုအပ်နေပြီး ပြင်သစ်တိုက်စစ်မှူးကို ထိန်းချုပ်ရခြင်းက မက်ဆီကို ထိန်းချုပ်ရခြင်းထက် ပိုမိုခက်ခဲနေသည်ဟုပြောသွားခဲ့သည်။








