
မနေ့ညက အက်သလက်တီကိုမက်ဒရစ်အသင်းက မာဆေးလ်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ် ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒီယေဂိုဆီမြွန်နီနဲ့ အက်သလက်တီကို အသင်းတို့ရဲ့ နောက်ထပ် အောင်မြင်မှု တစ်ခုဖြစ်သလို စပိန်ကလပ်တွေရဲ့ ယူရိုပါလိဂ်အောင်မြင်မှု တစ်ခုလည်း ဖြစ်ပါတယ်။
ဥရောပဖလားပြိုင်(ယူရိုပါလိဂ်+ချန်ပီယံလိဂ်)မှာ ဖလားရခဲ့တဲ့ နောက်ဆုံး (၉) သင်းမှာ (၈) သတင်းက စပိန်အသင်းတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်သာ ဖလားရ ခဲ့ရင်တော့ ဥရောပ ဖလားပြိုင်တွေရဲ့ နောက်ဆုံး (၁၀) ကြိမ်မှာ စပိန်အသင်းတွေက (၉)ကြိမ်အထိ ဖလားရတော့မှာ ဖြစ်ပါတယ်။









