အိန္ဒိယကိုရှုံးပြီးနောက် နည်းပြ ရာဂျီဗတ် အား ထိုင်း ထုတ်ပယ်

ထိုင်းဘောလုံးအဖွဲ့ချုပ်သည် အာရှဖလားအဖွင့်ပွဲတွင် အိန္ဒိယကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရာဂျီဗတ်အား ထုတ်ပယ်လိုက်ပြီဖြစ်သည်။ ရာဂျီဗတ်သည် အာရှဖလားပြိုင်ပွဲတွင် နောက်တစ်ဆင့်သို့ တက်ရောက်ရန် ကြိုးစားပေးမည်ဟု ကတိပြုထားသူဖြစ်သည်။

ထို့ကြောင့် ဘာရိန်း၊ ယူအေးအီးတို့မှာ အိန္ဒိထက် ပိုမိုခက်ခဲသည့်ပြိုင်ဘက်များ ဖြစ်မည်ဟု အဖွဲ့ချုပ်က ယူဆခဲ့ခြင်းကြောင့် အဆိုပါပွဲများတွင်လည်း ရလဒ်ကောင်းနိုင်လိမ့်မည် မဟုတ်ဟု သုံးသပ်ကာ နည်းပြအား ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။   _Ref: AP

မက်ဆီကိုကျော်ဖြတ်ပြီး နိုင်ငံအသင်းဂိုးအများဆုံးသွင်းသူဖြစ်လာတဲ့ အိန္ဒိယတိုက်စစ်မှူး ချက်ထရီ

၂၀၁၉ အာရှဖလားပွဲအဖြစ် မနေ့က,ကစားခဲ့တဲ့ အိန္ဒိယအသင်းက ထိုင်းအသင်းကို ၄-၁ နဲ့ နိုင်တဲ့ပွဲမှာအနိုင်ဂိုး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ အိန္ဒိယတိုက်စစ်မှူးဆူနယ်လ်ချက်ထရီဟာ နိုင်ငံလက်ရွေးစင်အသင်း ဂိုးအများဆုံးစာရင်းမှာ မက်ဆီ ကို ကျော်ဖြတ်ပြီး ဒုတိယဂိုးသွင်းအများဆုံးသူဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းတွင် နေမာ ထိပ်ဆုံးရပ်တည်

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းမှာ နေမာက ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ကစားသမား တွေလည်း ထိပ်ဆုံးက ပါဝင်နေတယ်လို့ KPMG လို့ ခေါ်တဲ့ အဖွဲ့အစည်းတခုရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာက ပေါင် ၂၀၆.၅ သန်းနဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူး အန်ဘာပေးကတော့ ၁၉၃.၈ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဘင်ဖီကာအသင်း ကမ်းလှမ်းချက်ကို မော်ရင်ဟို ပယ်ချ

မန်ယူမှ ထွက်ခွာသွား သည့် ပေါ်တူဂီလူမျိုးနည်းပြ မော် ရင်ဟိုကို ပေါ်တူဂီကလပ် ဘင်ဖီကာက ခေါ်ယူရန် ကမ်းလှမ်း သော်လည်း ၎င်းက ပယ်ချခဲ့ ကြောင်း ဥရောပသတင်းဌာနများ က ဖော်ပြသည်။

ဘင်ဖီကာသည် ကြာသပ တေးနေ့က နည်းပြဗီတိုးရီးယားကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ခန့်အပ်ရန် မော်ရင်ဟိုထံ ကမ်းလှမ်းခဲ့သည်။ သို့သော် ပြီးခဲ့သည့်လက မန်ယူမှထွက်ခွာခဲ့သော မော်ရင် ဟိုက မိခင်နိုင်ငံ၌ နည်းပြလုပ်ရန် အခွင့်အလမ်းကို ပယ်ချခဲ့သည်။

တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ရွှေကမ္ဘာလုံးဆုကို ရော်နယ်ဒို ငါးကြိမ်မြောက်ရရှိ

ဂျူဗင်တပ်မှ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုသည် ၎င်း၏ ပဉ္စမမြောက် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမား ဆုဖြစ်သော ရွှေကမ္ဘာလုံးဆုကို ကြာသပတေးနေ့က လက်ခံရယူခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက ရီးရဲလ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့သည့် ရော်နယ်ဒိုသည် ဒူဘိုင်းမြို့ မာဒီနတ်ဂျူမေးရာ့ခ်ျ အပန်းဖြေစခန်းတွင် ကြာသပတေးနေ့က ပြုလုပ်သော ဆုပေးပွဲသို့ တက်ရောက်ကာ ရွှေကမ္ဘာလုံးဆုကို လက်ခံရယူခဲ့သည်။

မြန်မာပြည် အမျိုးသမီး ရိုးရာလက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ကို ဘရော်နီကာဆွတ်ခူး

မြန်မာပြည်အမျိုးသမီး ရိုးရာလက်ဝှေ့ချန်ပီယံရွှေခါးပတ်လုပွဲတွင် မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာက ထိုင်းလက်ဝှေ့မယ် နောင့်အော်ကို ပထမအချီအတွင်း အလဲထိုးဖြင့်အနိုင်ရပြီး   ချန်ပီယံရွှေခါးပတ် ဆွတ်ခူးခဲ့သည်။

အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မြန်မာ ပြည် အမျိုးသမီး ချန်ပီယံရွှေခါး ပတ်လုပွဲကို ဇန်န၀ါရီ ၄ ရက်က တောင်ငူမြို့ရှိ ကေတုမတီမိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။ 

လန်ဒန်မှာ တွေ့ရအုံးမယ့် နာဆရီ

အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့မှာ ခြေစွမ်းပြကစားခဲ့ပြီး မန်စီတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ရယူထားနိုင်ခဲ့တဲ့ ကစားသမား နာဆရီကတော့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းနဲ့အတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရပါတယ်။

နိုင်ငံ ၁၁ နိုင်ငံမှာ တန်ကြေးပေါင် သန်း ၂၀၀ ရှိတဲ့ ကစားသမား ၄၂ ဦးကို အငှားချထားတဲ့ ချယ်လ်ဆီး အပြောင်းအရွှေ့ ပေါ်လစီ ဝေဖန်ခံနေရ

ချယ်လ်ဆီးအသင်းဟာဇန်နဝါရီဈေးကွက်မှာ ဒေါ့တ်မန်အသင်းကွင်းလယ်လူပေါ်လစ်ဆစ်ကို ပေါင် ၅၈ သန်းနဲ့ ခေါ်ယူပြီး ပြန်အဌားချထားခဲ့ရာမှာ ခုရာသီအသင်းအနေနဲ့ လူငယ်ကစားသမား အများစု ပါဝင်တဲ့ တခြားအသင်းထံ အဌားချအရေအ တွက်မှာ ၄၂ဦးအထိရှိခဲ့တာကြောင့် အသင်းလူငယ်အပြောင်းအရွှေ့ ပေါ်လစီနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန် သွားခဲ့ကြပါတယ်။

ထာဝရအကြီးကျယ်ဆုံးနည်းပြအဖြစ် မဲပေးခံရတဲ့ ဖာဂူဆန်

မန်ယူအသင်းကို ၂၆ နှစ်ခွဲ ကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ဆုဖလား ၃၈ လုံး ဆွတ်ခူးခဲ့တဲ့ နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဘောလုံးသမိုင်းတစ်လျှောက် ထာဝရအကြီးကျယ်ဆုံး နည်းပြအဖြစ် မဲပေးရွေးချယ်ခံခဲ့ ရပါတယ်။
၁၉၈၆ ခုနှစ်က မန်ယူအသင်းကို စတင်တာဝန်ယူခဲ့တဲ့ ဖာဂူဆန်ဟာ ပရီးမီးယားလိဂ်ဖလား ၁၃ လုံး၊ အက်ဖ်အေဖလား ၅ လုံး၊ ချန်ပီယံလိဂ်ဖလား ၂ လုံးအပါအဝင် ဖလား ၃၈ လုံး ဆွတ်ခူးခဲ့သူပါ။

ဘရစ္စဘိန်းနိုင်ငံတကာပြိုင်ပွဲကနေ အန်ဒီမာရေးနဲ့ ရာဖေးလ်နာဒယ် ထွက်ခဲ့ရ

တင်ပါးဒဏ်ရာ ကာလရှည်ခံစားခဲ့ရတဲ့ ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ ဘရစ္စဘိန်းနိုင်ငံတကာပြိုင်ပွဲ ဒုတိယအဆင့်မှာ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အန်ဒီမာရေးဟာ နှစ်သစ်ကူးနေ့တုန်းက ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ဒက်ဝါ့သ်ကို အနိုင်ရခဲ့ပေမဲ့ ဒုတိယအဆင့်မှာ မီဒီဒက်ဗ်ကို ၇-၅၊ ၆-၂ နဲ့ ၂ ပွဲပြတ် ရှုံးနိမ့်ခဲ့ပါတယ်။