
ပြင်သစ်ချန်ပီယံ PSGအတွက်တော့ လူစုံ မပါနိုင်ပေမယ့် အိုးထရက်ဖို့ဒ်မှာ လွယ်လွယ်နဲ့ပဲ နိုင်ခဲ့ပါတယ်။ အထူးသဖြင် လူငယ်ကစားသမား ကီလီယန် အမ်ဘတ်ပေကို မထိန်းနိုင်ခဲ့သလို ဗာရက်တီရဲ့ ကွင်းလယ်ပိုင်းကိုလည်း မယှဉ်နိုင်ဘဲ ရှုံးခဲ့တာပါ။
ဒီပွဲမှ ယူနိုက်တက်ဖက်က ဂိုးသမား ဒါးဗစ် ဒဟေးရာ လက်စွမ်းပြနိုင်ခဲ့လို့ ဆိုးလ်ရှားရဲ့ အသင်း ဒီထက် ပိုပြီး ဂိုးပြတ် မရှုံးတာ ဖြစ်ပါတယ်။









