
လက်စတာစီးတီးအသင်းဟာ အသင်းကနေ ထုတ်ပယ်ခဲ့တဲ့ နည်းပြဖြူရယ်လ်ရဲ့ နေရာမှာ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ ဆွမ်ဆီးတို့မှာလည်း နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ရော်ဂျာဟာ ပရီးမီးယားလိဂ်ကို ပြန်လည် ခြေချနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းကို (၃)နှစ်ကြာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး ဆုဖလား (၇)လုံး ဆွတ်ခူးပေးခဲ့တဲ့ ရော်ဂျာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကမှ ဆဲလ်တစ်အတွက် စကော့တလန် လိဂ်ဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။








