စပိန်နန်းတော်မှ ချီးမြှင့်တဲ့ Queen Sofia ဆုကို လက်ခံရရှိခဲ့တဲ့ မာတာ

မန်​ယူအသင်းရဲ့ စပိန်​ကွင်းလယ်​ကစားသမားမာတာဟာ စပိန်​ဘုရင်​မကြီးဆိုဖီယာ ကိုယ်​တိုင်​ချီးမြှင့်​တဲ့ ” Queen Sofia” ဆုကို စပိန်​နန်း​တော်​ အယ်​လ်​ပါဒိုမှာ မ​နေ့က လက်​ခံရယူခဲ့တယ်​လို့ သိရပါတယ်​။ ဘုရင်​မကြီးဆိုဖီယာဟာ Common Goal လို့ ​ခေါ်တဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုကို တည်​​ထောင်ကာအများအကျိုးကို ​ဆောင်ရွက်နေတဲ့ မာတာ ရဲ့လုပ်​ရပ်​ကို ဂုဏ်​ပြုတဲ့အ​နေနဲ့ အခုလို ​တော်​၀င်​ဆုတံဆိပ်​တစ်​ခုကို ​ပေးအပ်​ချီးမြှင့်​ခဲ့တာ ဖြစ်​တယ်​လို့ သိရပါတယ်​။

ဂျူဗင်တပ်သို့ ပေါင် ၃၆ သန်းဖြင့် ပြောင်းရွှေ့ရန် ရမ်ဆေးသဘောတူညီ

အာဆင်နယ်မှ ဝေးလ်စ် ကွင်းလယ်လူအာရွမ်ရမ်ဆေးက စီးရီးအေချန်ပီယံဂျူဗင်တပ်သို့ ပေါင် ၃၆ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုရန် သဘောတူညီခဲ့သည်။

ယခုရာသီကုန်ချိန်တွင် ဂျူဗင်တပ်သို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းလာမည့် ရမ်ဆေးသည် တစ်ပတ်လုပ်ခ ပေါင် ၁၄၀,၀၀၀ (တစ်နှစ်ပေါင် ၇ ဒသမ ၂ သန်း) ရရှိမည်ဖြစ်သည်။

မက်ဂရီဂေါ်ရဲ့ ကမ်းလှမ်းချက်ကို တုံ့ပြန်လိုက်တဲ့ နာဆုကာဝါ

ပွဲတိုင်းနိုင် လက်ဝှေ့သမား မေဝယ်သာနဲ့ ထိုးသတ်ခဲ့ပြီးနောက်မှာ လူသိများထင်ရှားလာခဲ့တဲ့ ဂျပန်ကစ်ဘောင်ဆင် ကစားသမား နာဆုကာဝါက သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်ရဲ့ ကမ်းလှမ်းချက်ကို တုံ့ပြန်လိုက်ပါပြီ။

အက်ဒရီယန်ဘရွန်နာနဲ့ ထိုးသတ်မယ့် ပက်ကွီအိုရဲ့ချန်ပီယံခါးပတ် ကာကွယ်ပွဲ

ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီအိုကတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ကျရင် အမေရိကန်လက်ဝှေ့သမား အက်ဒရီယန်ဘရွန်နာနဲ့ WBA ဝယ်တာဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မှာဖြစ်ပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ ပက်ကွီအိုဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လက အာဂျင်တီးနား လက်ဝှေ့သမား မက်သီဆေးကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း WBA ဝယ်တာဝိတ်တန်း ချန်ပီယံခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်မှာဖြစ်ပါတယ်။

ကမ္ဘာ့တန်ဖိုးအများဆုံး ဘောလုံးသမားများစာရင်းကို မက်ဘီ ဦးဆောင်

ဘောလုံးလေ့လာရေးအဖွဲ့ CIES က ပြုစုထားသော ကမ္ဘာ့တန်ဖိုးအများဆုံး ဘောလုံးသမားများစာရင်းကို ပီအက်စ်ဂျီမှ ပြင်သစ်လူငယ်တိုက်စစ်မှူး မက်ဘီ က ယူရို ၂၁၈ ဒသမ ၅ သန်းဖြင့် ဦးဆောင်ထားပြီး ၎င်း၏ပီ အက်စ်ဂျီအသင်းဖော် နေမာသည် ယူရို ၁၉၇ ဒသမ ၁ သန်းဖြင့် တတိယ နေရာ၌ ရှိနေသည်။

မြန်မာ့လက်ဝှေ့ကျော် ချန်ပီယံဟောင်း စောငမန်း ကစားသမားဘ၀မှ အနားယူ

အသက်အရွယ်ကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ ကစားသမားဘ၀မှ အနားယူပြီဖြစ်ကြောင်း ချန်ပီယံဟောင်း စောငမန်းက ပြောသည်။

အသက် (၃၉) နှစ်အရွယ်ရှိ စောငမန်းသည် မြန်မာ့ရိုးရာလက် ဝှေ့လောကတွင် အနှစ် ၂၀ ကျော် ဖြတ်သန်းခဲ့ပြီး ရိုးရာလက်ဝှေ့ အောင်လံ ၁၀ ခုကျော်နှင့် ၂၀၀၈ မှ ၂၀၁၁ အထိ ဒဂုံအောင်လံ လေးနှစ်ဆက် ချန်ပီယံဆု ရရှိဖူး သည့်အပြင် မြန်မာပြည် အလွတ်တန်းရွှေခါးပတ် ချန်ပီယံဆုကိုလည်း ၂၀၀၉ က ရရှိဖူးသည်။ ထို့အပြင် ၎င်းသည် ၂၀၁၃ အရှေ့ တောင်အာရှ (ဆီးဂိမ်း) ပြိုင်ပွဲတွင်လည်း ငွေတံဆိပ် ရရှိဖူးသည်။

မန်ယူအသင်းရဲ့ ဒီဇင်ဘာလအကောင်းဆုံးကစားသမားဆုကို ပေါ့ဂ်ဘာ ရရှိ

ပေါ့ဂ်ဘာအနေနဲ့ ဆိုးလ်ရှားလက်ထက် ၄ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးပေးထားနိုင်တဲ့ အဓိက ကွင်းလယ်ကစား သမားတစ်ဦးဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူလာနိုင်သလို သွင်းဂိုးတွေလည်း ဖန်တီးပေးနိုင်ခဲ့ တဲ့ပေါ့ဂ်ဘာကတော့ မန်ယူအသင်းရဲ့ ဒီဇင်ဘာလအတွက် အကောင်းဆုံး ကစားသမားဆိုကို ရရှိခဲ့ပါတယ်။

ပေါ့ဂ်ဘာအနေနဲ့ ဒီဆုကို ဒူဘိုင်းမှာက်လက်ခံခဲ့ပြီး မန်ယူအသင်းကတော့ဒူဘိုင်းမှာ အပန်းဖြေဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ဆာလာ ၂နှစ်ဆက်ရွေးချယ်ခံရ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို လီဗာပူးနဲ့ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက်ဆာလာက ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အာဖရိက အကောင်းဆုံး ဆုကိုရရှိခဲ့တဲ့ ဆာလာဟာ ၂ နှစ်ဆက်တိုက်အဖြစ် အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

MMA ဖိုက်တာအမျိုးသမီးကို လုယက်မိလို့ အကြောင်းမလှဖြစ်ခဲ့ရတဲ့ ဓားပြ

ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနဲရိုးမြို့ (Rio de Janeiro) က ဓားပြတစ်ယောက်ကတော့ MMA ဖိုက်တာအမျိုးသမီးရဲ့ ဖုန်းကို ခြိမ်းခြောက်လုယက်ခဲ့မိတာကြောင့် ကိုယ်ခံပညာရဲ့အရသာကို မရှုမလှခံစားသွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့စနေနေ့က UFC စထရောဝိတ်တန်းကစားသမားဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် ပေါ်လီယာနာ ဗီယာနာ (Polyana Viana) ဟာ တိုက်ခန်းရှေ့မှာ Uber Taxi ကိုစောင့်နေတုန်း လူတစ်ယောက်ရောက်လာပြီး သူ့မှာသေနတ်ပါလာကြောင်း ခြိမ်းခြောက်ကာ ဗီယာနာဆီက ဖုန်းကို လုယက်ခဲ့တာဖြစ်ပါတယ်။

အောင်လအန်ဆန်ပါဝင်သည့် ကမ္ဘာ့အဆင့်ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ တွဲဆိုင်းသုံးဆိုင်း ထုတ်ပြန်ကြေညာ

ရန်ကုန် ဇန်နဝါရီ ၇

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ryogoku Kokugikan မိုးလုံလေလုံ အားကစားကွင်းကြီး၌ မတ် ၃၁ ရက်တွင် ကျင်းပမည့် ONE: A NEW ERAပြိုင်ပွဲတွင် ပါဝင်မည့် ကမ္ဘာ့အဆင့်ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲ တွဲဆိုင်းသုံးဆိုင်းကို ONE Championship မှ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။