
လီယွန်နယ် မက်ဆီ ဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွက် ဥရောပရဲ့ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အင်္ဂါနေ့က လက်ခံရယူခဲ့ပါတယ်။ ဒီဆုကို သူဟာ ဘောလုံး သမိုင်းကြောင်း တစ်လျှောက် ၅ ကြိမ်း မြောက် ဆွတ်ခူးတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီ ဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွက် ဥရောပရဲ့ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အင်္ဂါနေ့က လက်ခံရယူခဲ့ပါတယ်။ ဒီဆုကို သူဟာ ဘောလုံး သမိုင်းကြောင်း တစ်လျှောက် ၅ ကြိမ်း မြောက် ဆွတ်ခူးတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျုဗင်တက်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ CR7 အတွင်းခံဘောင်းဘီကို ကြော်ငြာဖို့အတွက် ကိုယ်တိုင်မော်ဒယ်လုပ်ကာ ကြော်ငြာရိုက်ကူးခဲ့ပါတယ်။
အဲ့ဒီကြော်ငြာထဲမှာ ရော်နယ်ဒိုဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ CR7 အတွင်းခံဘောင်းဘီကိုသာ ၀တ်ဆင်ထားပြီးဘောလုံး သေးသေးလေးတွေ အပြည့်ထည့်ထားတဲ့ ရေကန်ပုံစံနေရာလေး ထဲသို့ ၀င်ကာ ပို့စ်အမျိုးမျိုးပေးကာ ရိုက်ကူးခံခဲ့တာကို တွေ့ရပါတယ်။ ယောက်ျားပီသတဲ့ ရုပ်ရည် ၊ တောင့်တင်းပြေပြစ်တဲ့ ခန္ဓာကိုယ်အချိုးအစားတွေကြောင့် ကြော်ငြာဗီဒီယိုထဲက သူ့ရဲ့ပုံတွေဟာ ပေါ်လွင်နေခဲ့ပြီး အင်စတာဂရမ်ပေါ်တင်ပြီး မိနစ်ပိုင်းအကြာမှာပင် ၀င်ရောက်ကြည့်ရှု့သူ နှစ်သန်းကျော်ခဲ့ပါတယ်။

အင်္ဂလန်က ကမ္ဘာကျော်ဘောလုံးအသင်းတခုဖြစ်တဲ့ Manchester United ကလပ်အသင်းနည်းပြ Jose Mourinho ကို ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ အခု အင်္ဂလိပ် Premier League ဘောလုံးရာသီမှာ Manchester United အသင်း အတော်လေး အခြေအနေမကောင်း ဖြစ်နေချိန်မှာ မန်နေဂျာ Mourinho ကို ချက်ချင်းထုတ်လိုက်ပြီဆိုတာ Manchester United ကဒီကနေ့ ကြေညာချက်ထုတ်ပြန်အတည်ပြုပါတယ်။

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာယူ-၂၁ အသင်း တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။
တိုက်စစ်မှူး ဝင်းနိုင်ထွန်းဟာ ဒီပြိုင်ပွဲမှာ ၃ ဂိုးသွင်းနိုင်ခဲ့ပြီး အုပ်စုတွင်းမှာ ဗီယက်နမ်ကို ၁ ဂိုး၊ မလေးရှားကို ၁ ဂိုးနဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ အိမ်ရှင် ဗီယက်နမ်ကို ၁ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ အတွက် Golden Boy ဆုကို အေဂျက်ဇ်အသင်း ဗဟိုနောက်ခံလူ မက်သီးယက်စ်ဒီလိုက် က ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆုကို ပြီးခဲ့တဲ့ ၂၀၁၇ က အမ်ဘတ်ပီ ရရှိခဲ့ပြီး ဒီနှစ်မှာလည်း သူဘဲရလိမ့်မယ်လို့ ရေပန်းစားခဲ့သေးပေမယ့် ဒီလိုက်က ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

ဗြိတိန်စက်ဘီးစီးအားကစားသမား ဂါးရီးယန်းသောမတ်စ် သည် ဘီဘီစီမှ ချီးမြှင့်သော ၂၀၁၈ ခုနှစ်အတွက် အားကစားပုဂ္ဂိုလ်ကျော်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါဆုအတွက် ပြိုင်ကားမောင်းသမား လူးဝစ်ဟာမီလ်တန် နှင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း တို့မှာ ရေပန်းစားခဲ့သော်လည်း ဂါးရီးယန်းသောမတ်စ် က ၄င်းတို့ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်နောက်ဆုံး (၁၆) သင်းအဆင့်ပွဲစဉ်များကို နိုင်ယွန်မြို့၌ မဲနှိုက်ရွေးချယ်ရာ တွင် အက်သလက်တီကို၊ မန်ယူ နှင့်လီဗာပူးတို့သည် ခက်ခဲသော ပြိုင်ဘက်များဖြစ်သည့် ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်တို့နှင့် တွေ့ဆုံနေသည်။
အင်္ဂလန်အသင်းများအနက် အုပ်စုဗိုလ်နေရာမှ တက်လာသော မန်စီးတီးသည် ဂျာမန်ကလပ် ရှော်လ်ကေးနှင့် ရင်ဆိုင်ရ သဖြင့် ကံအကောင်းဆုံးဖြစ် သည်။ စပါးက ဒေါ့မွန်နှင့် တွေ့မည်ဖြစ်၍ နှစ်သင်းစလုံး နောက် တစ်ဆင့် တက်ရေး ခက်ခဲနိုင် သည်။

ဒီဇင်ဘာ ၁၇ ရက်က ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့တွင် ယူရိုပါလိဂ်(၃၂)သင်းအဆင့်ပွဲစဉ်များကို မဲနှိုက် ရွေးချယ်ရာ၌ ချယ်လ်ဆီးက ဆွီဒင်ကလပ် မာလ်မို၊ အာဆင်နယ်က ဘီလာ ရုစ်ကလပ်ဘိတ်၊ အီတလီမှ လာဇီယိုနှင့် စပိန်ကလပ် ဆီဗီလာ တို့ ရင်ဆိုင်တွေ့မည်ဖြစ်သည်။
အင်တာမီလန်သည် သြစတြေးလျကလပ် ရာပစ်ဝီအန်နှင့် တွေ့ရမည်ဖြစ်ပြီး နောက်ထပ် ပွဲကောင်းများအဖြစ် ကရန့်စ်နိုဗာ နှင့် လေဗာကူဆင်၊ ဇူးရစ်နှင့် နာပိုလီ၊ ဆဲလ်တစ်နှင့် ဗလင်စီ ယာတို့ ကစားရမည်ဖြစ်သည်။

ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူသည် ထိုင်းထိပ်သီးကလပ် မြောင်တောင် ယူနိုက်တက်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် မိတ်ဆက်ပွဲ
အခမ်းအနားပြုလုပ်သည်။
အောင်သူကို ခေါ်ယူရန် ဂျပန်ကလပ်နှင့် ထိုင်းကလပ်အသင်းများက အပြိုင်ကမ်းလှမ်းခဲ့သောကြောင့် ကာယကံရှင်က မြောင်တောင်အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မန်ယူဟာ လီဗာပူးကို အဝေးကွင်းမှာ ၃-၁ နဲ့ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံးမှတ်တမ်းကို ရရှိခဲ့တယ်လို့သိရပါတယ်။ မန်ယူဟာ ၁၇ ပွဲကစားပြီးချိန်မှာ ၂၆ မှတ်သာ ရရှိသေးတဲ့အတွက် အဆိုးဆုံးသော ရာသီဖြစ်ခဲ့တာပါ။ မန်ယူဟာ ပရီးမီးယားလိဂ် မစတင်မီတစ်နှစ်အလိုဖြစ်တဲ့ ၁၉၉၀-၉၁ ဘောလုံးရာသီမှာ အဆိုးဆုံး မှတ်တမ်းရရှိခဲ့တာတောင် ၁၇ ပွဲ ပြီးချိန်မှာ ၂၄ မှတ်သာဖြစ်ခဲ့ပါတယ်။