
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ မနေ့ညနေက ကစားခဲ့တဲ့ ဂျီရိုနာအသင်းနဲ့ လာလီဂါ ပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ် ထိခဲ့ပြီးနောက် ဆိုးရွားတဲ့ စံချိန်မှတ်တမ်းတစ်ခုကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
Sky Sports ရဲ့ ဖော်ပြချက်အရ ရာမို့စ်ဟာ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ အနီကတ်အများဆုံး ထိခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာလို့ သိရပါတယ်။









