
ချယ်လ်ဆီး ၀-၀ မန်စီးတီး
(ပင်နယ်တီ အဆုံးအဖြတ်မှာ မန်စီးတီး ၄-၃ဂိုးနဲ့နိုင်)
ဒီနှစ်အတွက် လိဂ်ဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးက ချယ်လ်ဆီးကိုနိုင်ပြီး ချန်ပီယံ ဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး ပွဲအတွင်းမှာ ခြေစွမ်းသိပ်မကွာကြဘဲ အကြိတ်အနယ် ကစားခဲ့ကြတာပါ။ ဂိုးသွင်းခွင့် ထိထိရောက်ရောက် မရခဲ့ပေမယ့် ကွင်းလယ်ပိုင်း အားပြိုင်ခဲ့ကြပြီး အရှုံးအနိုင်မပေါ်တဲ့ အထိ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။








