ယခုအချိန်ကာလသည် နေ့အပူချိန် အလွန်မြင့်တက်နေပြီး အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပွားမည့် လက္ခဏာများ ပေါ်ပေါက်လာပါက အသက်အန္တရာယ်ထိခိုက်နိုင်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပို့ဆောင်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊ အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်းတို့ဖြစ်ပါက အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။