အူစိန္ေဘာ့ထက္ ပိုျမန္တယ္ဆိုတဲ့ Superman စက္႐ုပ္

အူစိန္ေဘာ့ထက္ ပိုျမန္တယ္ဆိုတဲ့ Superman စက္႐ုပ္
===================
တ႐ုတ္ႏိုင္ငံ စက္႐ုပ္ထုတ္လုပ္ေရးလုပ္ငန္း Unitree က ထုတ္လုပ္တဲ့ လူပုံသ႑ာန္ စက္႐ုပ္ဟာ ကမာၻ႔အျမန္ဆုံးလူသား အူစိန္ေဘာ့ရဲ႕ စံခ်ိန္ကို ခ်ိဳးႏိုင္ခဲ့တယ္လို ကုမၸဏီဘက္က ထုတ္ျပန္ခဲ့ပါတယ္။
Superman လို အမည္ေပးထားတဲ့ အဲဒီစက္႐ုပ္ဟာ တစ္စကၠန႔္ကို ၁၂.၆၆ မီတာ (တစ္နာရီ ၄၅.၆ ကီလိုမီတာ) ႏႈန္းအထိ အရွိန္ျမႇင့္ ေျပးႏိုင္စြမ္း ရွိတယ္လို ဆိုပါတယ္။ ဒါဟာ မီတာ ၁၀၀ အေျပးၿပိဳင္ပြဲမွာ ၉.၅ စကၠန႔္ေအာက္ျဖင့္ ပထမဆုံး ပန္းဝင္ခဲ့တဲ့ အူစိန္ေဘာ့ရဲ႕ အျမင့္ဆုံး ျမန္ႏႈန္း (တစ္စကၠန႔္ကို ၁၂.၂၇ မီတာ (တစ္နာရီ ၄၄.၁၇ ကီလိုမီတာ) ထက္ ပိုျမန္ပါတယ္။
Superman စက္႐ုပ္ဟာ အေျပးျမန္႐ုံတင္မကဘဲ ခုန္ႏိုင္စြမ္းလည္း ျမင့္မားၿပီး အျမင့္ ၂ မီတာ (၆.၅ ေပ)အထိ ခုန္ႏိုင္တယ္လို ဆိုပါတယ္။ ဒီစက္႐ုပ္ဟာ ပုံသ႑ာန္အားျဖင့္ ၾကည့္ရဆိုးေပမဲ့ (ကုမၸဏီဘက္မွ ထုတ္ျပန္ထားတဲ့ ကိန္းဂဏန္းေတြအတိုင္း အမွန္တကယ္ စြမ္းေဆာင္ႏိုင္မယ္ဆိုရင္) တကယ့္ကို အံ့အားသင့္စရာပါပဲ။
Superman စက္႐ုပ္ရဲ႕ စြမ္းေဆာင္ရည္က အံ့အားသင့္စရာ ျဖစ္ေပမဲ့ အေစာပိုင္းကာလမွာ Unitree ကုမၸဏီမွ ထုတ္လုပ္တဲ့ စက္႐ုပ္တခ်ိဳ ထိန္းခ်ဳပ္ႏိုင္စြမ္းမဲ့သြားၿပီး ကေသာင္းကနင္း ျဖစ္ခဲ့ဖူးတာေၾကာင့္ ေဝဖန္မႈေတြ ရင္ဆိုင္ခဲ့ရဖူးပါတယ္။
Ref: Worlds Fastest Humanoid Robot Can Already Run Faster Than Usain Bolt
#yoyarlay
အူစိန်ဘော့ထက် ပိုမြန်တယ်ဆိုတဲ့ Superman စက်ရုပ်
===================
တရုတ်နိုင်ငံ စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်း Unitree က ထုတ်လုပ်တဲ့ လူပုံသဏ္ဍာန် စက်ရုပ်ဟာ ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့တယ်လို ကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့ပါတယ်။
Superman လို အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ဟာ တစ်စက္ကန့်ကို ၁၂.၆၆ မီတာ (တစ်နာရီ ၄၅.၆ ကီလိုမီတာ) နှုန်းအထိ အရှိန်မြှင့် ပြေးနိုင်စွမ်း ရှိတယ်လို ဆိုပါတယ်။ ဒါဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ၉.၅ စက္ကန့်အောက်ဖြင့် ပထမဆုံး ပန်းဝင်ခဲ့တဲ့ အူစိန်ဘော့ရဲ့ အမြင့်ဆုံး မြန်နှုန်း (တစ်စက္ကန့်ကို ၁၂.၂၇ မီတာ (တစ်နာရီ ၄၄.၁၇ ကီလိုမီတာ) ထက် ပိုမြန်ပါတယ်။
Superman စက်ရုပ်ဟာ အပြေးမြန်ရုံတင်မကဘဲ ခုန်နိုင်စွမ်းလည်း မြင့်မားပြီး အမြင့် ၂ မီတာ (၆.၅ ပေ)အထိ ခုန်နိုင်တယ်လို ဆိုပါတယ်။ ဒီစက်ရုပ်ဟာ ပုံသဏ္ဍာန်အားဖြင့် ကြည့်ရဆိုးပေမဲ့ (ကုမ္ပဏီဘက်မှ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအတိုင်း အမှန်တကယ် စွမ်းဆောင်နိုင်မယ်ဆိုရင်) တကယ့်ကို အံ့အားသင့်စရာပါပဲ။
Superman စက်ရုပ်ရဲ့ စွမ်းဆောင်ရည်က အံ့အားသင့်စရာ ဖြစ်ပေမဲ့ အစောပိုင်းကာလမှာ Unitree ကုမ္ပဏီမှ ထုတ်လုပ်တဲ့ စက်ရုပ်တချို ထိန်းချုပ်နိုင်စွမ်းမဲ့သွားပြီး ကသောင်းကနင်း ဖြစ်ခဲ့ဖူးတာကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရဖူးပါတယ်။
Ref: Worlds Fastest Humanoid Robot Can Already Run Faster Than Usain Bolt
#yoyarlay



