အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းကစားသမားဘ၀မွ မက္ဆီ အနားယူၿပီ

အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းကစားသမားဘ၀မွ မက္ဆီ အနားယူၿပီ
=============================
အာဂ်င္တီးနားအသင္းႏွင့္အင္တာမိုင္ယာမီအသင္းေခါင္းေဆာင္ မက္ဆီသည္အာဂ်င္တီးနားလက္ေ႐ြးစင္ အသင္းကစားသမားဘဝမွ အနားယူၿပီဟု ယေန႔တြင္ အတည္ျပဳေၾကညာခဲ့ေၾကာင္းသိရသည္။
အသက္ ၃၉ ႏွစ္ရွိ မက္ဆီသည္ ၿပီးခဲ့သည့္ ၂၀၀၅ ခုႏွစ္မွစတင္ကာ အာဂ်င္တီးနားအသင္းႏွင့္အတူ ႏိုင္ငံတကာပြဲမ်ားတြင္စတင္ပါဝင္ကစားခဲ့ၿပီး လက္ေ႐ြးစင္အသင္းႏွင့္အတူ ႏွစ္ေပါင္း ၂၁ ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ အာဂ်င္တီးနားအသင္းကစားသမားဘဝမွ အနားယူရန္အတြက္ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။
မက္ဆီက အာဂ်င္တီးနားအသင္း ကစားသမားဘဝမွအနားယူရန္အတြက္ ၿပီးခဲ့သည့္ ၂၀၂၆ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးကတည္းက စီစဥ္ထားေသာ္လည္း ယေန႔မွသာ အာဂ်င္တီးနားအသင္းကစားသမားဘဝမွ အနားယူေၾကာင္း အတည္ျပဳေၾကညာခဲ့ျခင္းျဖစ္သည္။
မက္ဆီသည္ အာဂ်င္တီးနားအသင္းႏွင့္အတူ ၂၀၂၂ ခုႏွစ္တြင္ ကမာၻ႔ဖလားခ်န္ပီယံဆုတစ္ႀကိမ္၊ ၂၀၂၁ ခုႏွစ္ႏွင့္ ၂၀၂၅ ခုႏွစ္တို႔တြင္ ကိုပါအေမရိကဖလားခ်န္ပီယံဆုႏွစ္ႀကိမ္၊ ၂၀၂၂ ခုႏွစ္တြင္ Finalissimaဆုဖလားတစ္ႀကိမ္၊ ၂၀၀၈ ခုႏွစ္တြင္ အိုလံပစ္ၿပိဳင္ပြဲတြင္ေ႐ႊတံဆိပ္ဆုတစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သည္။
အလားတူ မက္ဆီသည္အာဂ်င္တီးနားအသင္းႏွင့္အတူ ႏိုင္ငံတကာၿပိဳင္ပြဲစုံ ၂၀၇ ပြဲပါဝင္ကစားခဲ့ၿပီး ၁၂၅ ဂိုးထိသြင္းယူႏိုင္ခဲ့ကာ အသင္းတြင္ သြင္းဂိုးအမ်ားဆုံးကစားသမား၊ ႏိုင္ငံတကာပြဲအမ်ားဆုံးကစားသမားအျဖစ္လည္း ရပ္တည္ႏိုင္ခဲ့သူျဖစ္သည္။
မက္ဆီသည္ အာဂ်င္တီးနားအသင္း ကစားသမားဘဝအနားယူေၾကာင္း အတည္ျပဳေၾကညာခဲ့ေသာ္လည္း ကလပ္အသင္းကစားသမားဘဝ အနားယူမည့္အခ်ိန္ကို ေၾကညာထားျခင္းမရွိေသးဘဲ အင္တာမိုင္ယာမီအသင္းႏွင့္ယခုႏွစ္ေဘာလုံးရာသီအကုန္ထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးေၾကာင္းသိရသည္။
အာဂျင်တီးနား လက်ရွေးစင်အသင်းကစားသမားဘ၀မှ မက်ဆီ အနားယူပြီ
=============================
အာဂျင်တီးနားအသင်းနှင့်အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီသည်အာဂျင်တီးနားလက်ရွေးစင် အသင်းကစားသမားဘဝမှ အနားယူပြီဟု ယနေ့တွင် အတည်ပြုကြေညာခဲ့ကြောင်းသိရသည်။
အသက် ၃၉ နှစ်ရှိ မက်ဆီသည် ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်မှစတင်ကာ အာဂျင်တီးနားအသင်းနှင့်အတူ နိုင်ငံတကာပွဲများတွင်စတင်ပါဝင်ကစားခဲ့ပြီး လက်ရွေးစင်အသင်းနှင့်အတူ နှစ်ပေါင်း ၂၁ နှစ်ကြာကစားခဲ့ပြီးနောက် အာဂျင်တီးနားအသင်းကစားသမားဘဝမှ အနားယူရန်အတွက်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မက်ဆီက အာဂျင်တီးနားအသင်း ကစားသမားဘဝမှအနားယူရန်အတွက် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက စီစဉ်ထားသော်လည်း ယနေ့မှသာ အာဂျင်တီးနားအသင်းကစားသမားဘဝမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် အာဂျင်တီးနားအသင်းနှင့်အတူ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဖလားချန်ပီယံဆုတစ်ကြိမ်၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် ကိုပါအမေရိကဖလားချန်ပီယံဆုနှစ်ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် Finalissimaဆုဖလားတစ်ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် အိုလံပစ်ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုတစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သည်။
အလားတူ မက်ဆီသည်အာဂျင်တီးနားအသင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲစုံ ၂၀၇ ပွဲပါဝင်ကစားခဲ့ပြီး ၁၂၅ ဂိုးထိသွင်းယူနိုင်ခဲ့ကာ အသင်းတွင် သွင်းဂိုးအများဆုံးကစားသမား၊ နိုင်ငံတကာပွဲအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သူဖြစ်သည်။
မက်ဆီသည် အာဂျင်တီးနားအသင်း ကစားသမားဘဝအနားယူကြောင်း အတည်ပြုကြေညာခဲ့သော်လည်း ကလပ်အသင်းကစားသမားဘဝ အနားယူမည့်အချိန်ကို ကြေညာထားခြင်းမရှိသေးဘဲ အင်တာမိုင်ယာမီအသင်းနှင့်ယခုနှစ်ဘောလုံးရာသီအကုန်ထိ စာချုပ်သက်တမ်းကျန်ရှိနေသေးကြောင်းသိရသည်။




