ဂိုးသမား မာတီနက္ဇ္ကို ခ်ယ္လ္ဆီး ေခၚယူ

ဂိုးသမား မာတီနက္ဇ္ကို ခ်ယ္လ္ဆီး ေခၚယူ
===================
ခ်ယ္လ္ဆီးအသင္းဟာ အက္စတြန္ဗီလာအသင္းက အာဂ်င္တီးနားနာမည္ေက်ာ္ဂိုးသမား အီမယ္လီယာႏိုမာတီနက္ဇ္ကို ေခၚယူခဲ့ပါတယ္။
ခ်ယ္လ္ဆီးအေနနဲ႔ မာတီနက္ဇ္ရဲ႕ေျပာင္းေ႐ႊ႕ေၾကးအတြက္ ေပါင္ ၇.၅ သန္း ကုန္က်ခဲ့ပါတယ္။
မာတီနက္ဇ္(၃၃ ႏွစ္)ဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ သုံးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္တယ္။
အာဆင္နယ္ဂိုးသမားေဟာင္းဟာ ၂၀၂၀ ျပည့္ႏွစ္က အက္စတြန္ဗီလာအသင္းထံ ေရာက္ရွိလာၿပီး ၿပိဳင္ပြဲစုံ ၂၅၆ ပြဲ ကစားေပးခဲ့ပါတယ္။
မာတီနက္ဇ္ရဲ႕အေျပာင္းအေ႐ႊ႕ဟာ ခ်ယ္လ္ဆီးနဲ႔ အက္စတြန္ဗီလာ ႏွစ္သင္းအၾကား အၿပီးသတ္ သိုမဟုတ္ အငွားအေျပာင္းအေ႐ႊ႕ ရွစ္ခုေျမာက္ျဖစ္ခဲ့တယ္။
ဒီေလးႏွစ္တာအတြင္း ပရီးမီးယားလိဂ္ကလပ္ေတြအၾကား ဒီႏွစ္သင္းက အျပန္အလွန္ေျပာင္းေ႐ႊ႕မႈအမ်ားဆုံး ျဖစ္ခဲ့ပါတယ္။
၂၀၂၂ ခုႏွစ္ကတည္းက ခ်ယ္လ္ဆီးအသင္းဟာ ဗီလာကစားသမားေခၚယူမႈကေန ေပါင္ ၁၆၃.၅ သန္း ကုန္က်ခဲ့ၿပီး ဗီလာကေတာ့ ေပါင္ ၁၀၂.၅ သန္း ရွိခဲ့ပါတယ္။
ဂိုးသမား မာတီနက်ဇ်ကို ချယ်လ်ဆီး ခေါ်ယူ
===================
ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားနာမည်ကျော်ဂိုးသမား အီမယ်လီယာနိုမာတီနက်ဇ်ကို ခေါ်ယူခဲ့ပါတယ်။
ချယ်လ်ဆီးအနေနဲ့ မာတီနက်ဇ်ရဲ့ပြောင်းရွှေ့ကြေးအတွက် ပေါင် ၇.၅ သန်း ကုန်ကျခဲ့ပါတယ်။
မာတီနက်ဇ်(၃၃ နှစ်)ဟာ ချယ်လ်ဆီးအသင်းနဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်။
အာဆင်နယ်ဂိုးသမားဟောင်းဟာ ၂၀၂၀ ပြည့်နှစ်က အက်စတွန်ဗီလာအသင်းထံ ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၂၅၆ ပွဲ ကစားပေးခဲ့ပါတယ်။
မာတီနက်ဇ်ရဲ့အပြောင်းအရွှေ့ဟာ ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာ နှစ်သင်းအကြား အပြီးသတ် သိုမဟုတ် အငှားအပြောင်းအရွှေ့ ရှစ်ခုမြောက်ဖြစ်ခဲ့တယ်။
ဒီလေးနှစ်တာအတွင်း ပရီးမီးယားလိဂ်ကလပ်တွေအကြား ဒီနှစ်သင်းက အပြန်အလှန်ပြောင်းရွှေ့မှုအများဆုံး ဖြစ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းဟာ ဗီလာကစားသမားခေါ်ယူမှုကနေ ပေါင် ၁၆၃.၅ သန်း ကုန်ကျခဲ့ပြီး ဗီလာကတော့ ပေါင် ၁၀၂.၅ သန်း ရှိခဲ့ပါတယ်။




