ေခါက္ဖုန္းငါးမ်ိဳးထုတ္လုပ္မယ့္ ဆမ္ ေဆာင္း

ေခါက္ဖုန္းငါးမ်ိဳးထုတ္လုပ္မယ့္ ဆမ္ ေဆာင္း
====================
ဆမ္ေဆာင္းကုမၸဏီဟာ လာမယ့္ႏွစ္အတြင္းမွာ ေခါက္ဖုန္းအမ်ိဳးအစားစုစုေပါင္းငါးမ်ိဳးအထိ တိုးျမႇင့္ထုတ္လုပ္သြားဖို႔ စီစဥ္ေနတယ္လို႔ အတြင္းသတင္းအရင္းအျမစ္မ်ားကို ကိုးကားၿပီး GSMArena က ေဖာ္ျပလိုက္ပါတယ္။ လက္ရွိမွာ ဆမ္ေဆာင္းဟာ Galaxy Z Fold နဲ႔ Galaxy Z Flip ဆိုၿပီး ေခါက္ဖုန္းအမ်ိဳးအစားႏွစ္မ်ိဳးကိုပဲ ပုံမွန္မိတ္ဆက္ေပးေနတာပါ။ ဒါေပမဲ့ လာမယ့္ႏွစ္မွာေတာ့ ေဈးကြက္ဝယ္လိုအားနဲ႔ နည္းပညာအသစ္ေတြကို ျဖည့္ဆည္းႏိုင္ဖို႔အတြက္ ေဈးႏႈန္းသက္သာမႈရွိတဲ့ ေခါက္ဖုန္းအမ်ိဳးအစားေတြအျပင္ မ်က္ႏွာျပင္ႏွစ္ေနရာမွေခါက္လို႔ရတဲ့ သုံးေခါက္ခ်ိဳးအမ်ိဳးအစား ဖုန္းအသစ္ေတြကိုပါ တိုးခ်ဲ႕မိတ္ဆက္သြားဖို႔ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ မ်က္ႏွာျပင္အ႐ြယ္အစား ပိုမိုႀကီးမားတဲ့ ေခါက္ဖုန္းေမာ္ဒယ္အသစ္နဲ႔Ultra ေမာ္ဒယ္ေတြကိုပါ စိစစ္ထုတ္လုပ္သြားဖို႔ရွိေနပါတယ္။ ဒီလိုမ်ိဳး ေခါက္ဖုန္း အမ်ိဳးအစားေတြကို တိုးခ်ဲ႕ထုတ္လုပ္တာဟာ တ႐ုတ္နည္းပညာကုမၸဏီမ်ားစြာရဲ႕ ေခါက္ဖုန္းေဈးကြက္အတြင္း အၿပိဳင္အဆိုင္ ထိုးေဖာက္လာမႈကိုတုံ႔ျပန္ၿပီး ေဈးကြက္ရယူႏိုင္ဖို႔နဲ႔ ေခါက္ဖုန္းနည္းပညာဦးေဆာင္သူအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ဖို႔အတြက္ ျဖစ္တယ္လို႔ ေဈးကြက္ကြၽမ္းက်င္သူမ်ားကသုံးသပ္ေနၾကပါတယ္။ Ref: GA


ခေါက်ဖုန်းငါးမျိုးထုတ်လုပ်မယ့် ဆမ် ဆောင်း
====================
ဆမ်ဆောင်းကုမ္ပဏီဟာ လာမယ့်နှစ်အတွင်းမှာ ခေါက်ဖုန်းအမျိုးအစားစုစုပေါင်းငါးမျိုးအထိ တိုးမြှင့်ထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ အတွင်းသတင်းအရင်းအမြစ်များကို ကိုးကားပြီး GSMArena က ဖော်ပြလိုက်ပါတယ်။ လက်ရှိမှာ ဆမ်ဆောင်းဟာ Galaxy Z Fold နဲ့ Galaxy Z Flip ဆိုပြီး ခေါက်ဖုန်းအမျိုးအစားနှစ်မျိုးကိုပဲ ပုံမှန်မိတ်ဆက်ပေးနေတာပါ။ ဒါပေမဲ့ လာမယ့်နှစ်မှာတော့ ဈေးကွက်ဝယ်လိုအားနဲ့ နည်းပညာအသစ်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဈေးနှုန်းသက်သာမှုရှိတဲ့ ခေါက်ဖုန်းအမျိုးအစားတွေအပြင် မျက်နှာပြင်နှစ်နေရာမှခေါက်လို့ရတဲ့ သုံးခေါက်ချိုးအမျိုးအစား ဖုန်းအသစ်တွေကိုပါ တိုးချဲ့မိတ်ဆက်သွားဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မျက်နှာပြင်အရွယ်အစား ပိုမိုကြီးမားတဲ့ ခေါက်ဖုန်းမော်ဒယ်အသစ်နဲ့Ultra မော်ဒယ်တွေကိုပါ စိစစ်ထုတ်လုပ်သွားဖို့ရှိနေပါတယ်။ ဒီလိုမျိုး ခေါက်ဖုန်း အမျိုးအစားတွေကို တိုးချဲ့ထုတ်လုပ်တာဟာ တရုတ်နည်းပညာကုမ္ပဏီများစွာရဲ့ ခေါက်ဖုန်းဈေးကွက်အတွင်း အပြိုင်အဆိုင် ထိုးဖောက်လာမှုကိုတုံ့ပြန်ပြီး ဈေးကွက်ရယူနိုင်ဖို့နဲ့ ခေါက်ဖုန်းနည်းပညာဦးဆောင်သူအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူများကသုံးသပ်နေကြပါတယ်။ Ref: GA