နီေပါေရႀကီးမႈျဖစ္စဥ္၌ ေပ်ာက္ဆုံးေနသူ ၄၄၀၀ ေက်ာ္အထိ ရွိလာ

နီေပါေရႀကီးမႈျဖစ္စဥ္၌ ေပ်ာက္ဆုံးေနသူ ၄၄၀၀ ေက်ာ္အထိ ရွိလာ
========================
ၿပီးခဲ့တဲ့အပတ္က နီေပါနဲ႔ တိဗက္နယ္စပ္မွာ ျဖစ္ပြားခဲ့တဲ့ ႐ုတ္တရက္ ေရႀကီး ေရလွ်ံမႈျဖစ္စဥ္ေၾကာင့္ ေသဆုံးသူအေရအတြက္ဟာလူဦးေရ ၁,၀၀၀ ေက်ာ္အထိရွိလာၿပီျဖစ္ၿပီး ႏွစ္ႏိုင္ငံစလုံးမွာ ေပ်ာက္ဆုံး ေနသူေတြကလည္း ၄,၄၀၀ ေက်ာ္အထိ ရွိေနတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားထားတာကို CNN သတင္းမွာေဖာ္ျပပါတယ္။
ရဲတပ္ဖြဲ႕နဲ႔ တာဝန္ရွိသူေတြဟာ ဘယ္သူ ဘယ္ဝါျဖစ္ေၾကာင္း အတည္မျပဳႏိုင္ေသးတဲ့ ေသဆုံးသူရာေပါင္း မ်ားစြာကိုလည္း သုသာန္မွာ ျမႇဳပ္ႏွံေပးေနရတယ္လို႔ ဆိုပါတယ္။
နီေပါႏိုင္ငံရွိ ေရအားလွ်ပ္စစ္ လိုဏ္ဂူအတြင္း ႐ႊံ႕ႏြံေတြ ပိတ္ဖုံးသြားခဲ့တာေၾကာင့္ ပိတ္မိေနတယ္လို႔ ယူဆရတဲ့ အလုပ္သမား ၉၀၀ နီးပါးကို ကယ္ဆယ္ေရးအဖြဲ႕ေတြက အခ်ိန္နဲ႔တစ္ေျပးညီ ရွာေဖြေရး လုပ္ငန္းေတြ လုပ္ေဆာင္ေနၾကတယ္လို႔ သိရပါတယ္။
တိဗက္ေဒသ၊ Gyirong ဆိပ္ကမ္းဧရိယာမွာေတာ့ ေရေမွ်ာ္စင္တစ္ခုတည္းသာက်န္ရွိၿပီး က်န္တဲ့အေဆာက္အဦေတြအားလုံး ၿပိဳပ်က္သြားခဲ့ၿပီျဖစ္တယ္လို႔ တ႐ုတ္အစိုးရသတင္းေတြမွာ ေဖာ္ျပထားပါတယ္။
နီပေါရေကြီးမှုဖြစ်စဉ်၌ ပျောက်ဆုံးနေသူ ၄၄၀၀ ကျော်အထိ ရှိလာ
========================
ပြီးခဲ့တဲ့အပတ်က နီပေါနဲ့ တိဗက်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီး ရေလျှံမှုဖြစ်စဉ်ကြောင့် သေဆုံးသူအရေအတွက်ဟာလူဦးရေ ၁,၀၀၀ ကျော်အထိရှိလာပြီဖြစ်ပြီး နှစ်နိုင်ငံစလုံးမှာ ပျောက်ဆုံး နေသူတွေကလည်း ၄,၄၀၀ ကျော်အထိ ရှိနေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားတာကို CNN သတင်းမှာဖော်ပြပါတယ်။
ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးတဲ့ သေဆုံးသူရာပေါင်း များစွာကိုလည်း သုသာန်မှာ မြှုပ်နှံပေးနေရတယ်လို့ ဆိုပါတယ်။
နီပေါနိုင်ငံရှိ ရေအားလျှပ်စစ် လိုဏ်ဂူအတွင်း ရွှံ့နွံတွေ ပိတ်ဖုံးသွားခဲ့တာကြောင့် ပိတ်မိနေတယ်လို့ ယူဆရတဲ့ အလုပ်သမား ၉၀၀ နီးပါးကို ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်နဲ့တစ်ပြေးညီ ရှာဖွေရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
တိဗက်ဒေသ၊ Gyirong ဆိပ်ကမ်းဧရိယာမှာတော့ ရေမျှော်စင်တစ်ခုတည်းသာကျန်ရှိပြီး ကျန်တဲ့အဆောက်အဦတွေအားလုံး ပြိုပျက်သွားခဲ့ပြီဖြစ်တယ်လို့ တရုတ်အစိုးရသတင်းတွေမှာ ဖော်ပြထားပါတယ်။




